[Unicode Version]
Episode (12)
Jongin နဲ့ Baekhyun တို့ ကျောင်းအနားမှာရှိသည့် Starbucks Cafe မှာပဲ ထိုင်ပြီး စကားပြောရန် ဆုံးဖြတ်လိုက်ကြသည်။Jongin က Hot Chocolate မှာပြီး Baekhyun က Americano တစ်ခွက်ကို မှာထားလိုက်သည်။ သောက်စရာတွေ ရောက်ပြီး အေးသည်အထိ နှစ်ယောက်လုံးဘက်မှ စကားမပြောပဲ သက်ပြင်းသာချနေမိသည်။အချိန်တော်တော်ကြာမှ Baekhyun ဘက်ကပဲ စပြီးစကားပြောလိုက်သည်။
"ငါ...ဘာပြောချင်လဲဆိုတာကို မင်းသိတယ်မလား Jongin"
"အင်း...ငါသိတယ် Baek။ပြီးတော့ တောင်းပန်ပါတယ်။"
"တောင်းပန်စရာမလိုပါဘူး။အစကတည်းက ငါ သိသိရက်နဲ့ကို မင်းကို ဆွဲထားမိတာ။ခုတလော ငါနဲ့ တူတူ ကြိုးစားကြည့်ပေးတဲ့အတွက်လည်း မင်းကိုကျေးဇူးတင်တယ်။"
"နားလည်ပေးလို့ ကျေးဇူးပါ Baek။"
Baekhyun ပြုံးကာ ခေါင်းညှိပ်ပြလိုက်သည်။
"ငါတို့ သူငယ်ချင်းပဲဆက်လုပ်ကြတာပေါ့ Jongin"
"အင်း။ကော်ဖီတွေသောက်ရအောင်။အေးတောင်အေးနေပြီ ထင်တယ်။"
နှစ်ယောက်လုံး ပြုံးပြီးသာ ကော်ဖီတွေသောက်လိုက်ကြသည်။အစကတည်းက ပြတ်စဲသင့်သည့် ဆက်ဆံရေးတစ်ခုက ပြီးဆုံးသွားပြီမို့ နှစ်ယောက်လုံး စိတ်ထဲမှာ ပေါ့ပါးသွားကြသည်။
"Jongin...ငါမင်းဘယ်သူ့ကို စိတ်ထဲရှိနေတာလဲဆိုတာ သိတယ်။အရမ်းကြီး မခံစားဖို့တော့ မျှော်လင့်တယ်။မေတ္တာမှန်ရင် အသွားအပြန် ရှိပါတယ်။"
"အင်း...ကံတရားပေါ့။မခံစားဖို့ဆိုတာကတော့ အချိန်တစ်ခုတော့လိုအပ်မယ်ထင်တယ်။သူ ပျော်ဖို့ပဲ အရေးကြီးပါတယ်။"
"ငါတို့ ပြန်ကြမလား။"
"ပြန်မယ်လေ။ငါမင်းတို့အိမ်ကို လိုက်ပို့ပေးမယ်။"
Jongin...Baekhyun အား အိမ်ထိလိုက်ပို့ပေးခဲ့သည်။Baekhyun ကို သူ တကယ် အားနာမိသလို ကျေးဇူးလည်းတင်မိသည်။သူ့ရဲ့ မပြတ်သားတဲ့စိတ်၊အရွဲ့တိုက်ချင်တဲ့စိတ်...ဒီမကောင်းသည့်စိတ်တွေကြောင့် Baekhyun ကို သူအသုံးချမိမလို့ ဖြစ်ခဲ့သည်မလား။

YOU ARE READING
My Secret Love #Completed (Unicode & Zawgyi)
Fanfictionအချစ်ကို သူငယ်ချင်းသံယောဇဥ်လို့ လွဲမှားစွာထင်မိလာသောအခါ ချစ်တယ်လို့ ဖွင့်မပြောနိုင်သောအခါ နောက်ကျခဲ့သော အချစ်တစ်ခု အမှတ်မထင်မှ အမှတ်တရ