[Unicode Version]
Episode (16)
နှစ်ယောက်သား ခြံထဲမှဒါန်းလေးပေါ်မှာ အနမ်းတွေဖလှယ်တုန်း အသံကြားလိုက်သည်ကြောင့် လှည့်ကြည့်လိုက်တော့ အိမ်ထဲကနေ သူတို့ကို ကြည့်နေသည့် နှစ်ဘက်မိဘများ။
"အယ်...မေမေတို့ ဘာမှမမြင်ဘူး သားတို့။လုပ်စရာရှိတာ ဆက်လုပ်ဆက်လုပ်"
Mrs.Kim ပြုံးစစနဲ့ ပြောကာ မိဘတွေအိမ်ထဲ ပြန်ဝင်သွားကြပေမဲ့ နှစ်ယောက်သား ကြောင်အကာ ရပ်နေပြီးမှ အိမ်ထဲလိုက်ဝင်သွားကြသည်။ဧည့်ခန်းမှာထိုင်နေသည့် မိဘများရှေ့ကခုံမှာ ဝင်ထိုင်လိုက်ကြသည်။
"မေမေ နဲ့ ဖေဖေ...အစောကတွေ့တဲ့အတိုင်း သား နဲ့ Kyungie က ချစ်သူတွေဖြစ်နေပြီမို့ ခွင့်ပြုပေးပါနော်။Eimo လည်း သားတို့ကို ခွင့်ပြုပေးပါ။"
Jongin...Kyung Sko လက်လေးကို ဆုပ်ကိုင်ကာ ခွင့်တောင်းလိုက်မိသည်။
"Eimo က သားကို Jong လေးနဲ့ ဖြစ်စေချင်တာကြာပြီ။ဒါကြောင့်လည်း သားရဲ့ ဒိုင်ယာရီစာအုပ်လေးကို Jong လေးလက်ထဲပေးခဲ့တာပေါ့"
"မေမေ ပေးလိုက်တာလား။"
Kyung Soo အံ့သြတကြီးဖြင့် မေးလိုက်မိသည်။Jongin ကို နောက်မှ စာအုပ်ဘယ်ကနေရှာတွေ့လဲမေးမလို တွေးထားပေမဲ့ မေမေက ပေးလိုက်မည်ဟု သူမထင်ထားခဲ့။
"အင်းပေါ့။မဟုတ်ရင် သားက ဒီတစ္သက္လုံး သားရဲ့ခံစားချက်အမှန်တွေကို မျက်ကွယ်ပြုတော့မှာလေ။မေမေ့သားလေးကို စိတ်ချမ်းသာစေချင်တယ်။"
"မေမေ..."
Kyung Soo သူ့မေမေရင်ခွင်ထဲ တိုးဝင်ပြီး ကပ်ချွဲလိုက်သည်။
"ဖေဖေတို့ဘက်ကတော့ ငြင်းစရာရယ်လို့မရှိပါဘူး။သားတို့ချင်း အဆင်ပြေရင် ပြီးတာပဲ။ဖေဖေက ဖြစ်နိုင်ရင် ခုတောင် လက်ထပ်ပေးချင်တာ။"
Mr.Kim က သူ့ ဆန္ဒကို ဝင်ပြောတော့ Mrs.Kim ကပါ ထောက်ခံရင်း သူသိချင်သည်ကို မေးလာခဲ့သည်။
"ဟုတ်တယ်။သားတို့ ဘယ်တော့လက်ထပ်မယ် တွေးထားလဲ။"
"Kyungie ဘွဲ့ယူပြီး ပြန်လာတာနဲ့လက်ထပ်မလို့ မေမေ။နော်...ဟုတ္တယ္မလား Kyungie"
YOU ARE READING
My Secret Love #Completed (Unicode & Zawgyi)
Fanfictionအချစ်ကို သူငယ်ချင်းသံယောဇဥ်လို့ လွဲမှားစွာထင်မိလာသောအခါ ချစ်တယ်လို့ ဖွင့်မပြောနိုင်သောအခါ နောက်ကျခဲ့သော အချစ်တစ်ခု အမှတ်မထင်မှ အမှတ်တရ