04. Dear Stranger

13.1K 998 45
                                    

မျှော်လင့်ချက် .. ။

မျှော်လင့်ချက်တစ်ခုက အချစ်တစ်ခုကို ဖြစ်တည်စေသလား ?

မျှော်လင့်ချက်တစ်ခုကြောင့် သေဆုံးလုနီးပါး အိပ်မက်တစ်ခု အကောင်းအတိုင်း ပြန်လည် ရှင်သန်လာနိုင်သလား ?

မျှော်လင့်ချက်တော့ ရှိပြီး တွန်းလှန်ဖို့ ခွန်အား မရှိတဲ့ အခါမျိုးမှာရော ခက်ခက်ခဲခဲ ရှင်သန်ပြီးသား အိပ်မက်တစ်ခုဟာ တစ်ကျော့ပြန် သေဆုံးသွားတတ်သလား ?

လူတွေ ကြားရင် လှောင်ပြောင်လောက်မဲ့ အသေးအမွှား အရာလေးတွေက မျှော်လင့်ချက်တစ်ခုကို ရုပ်လုံး ပေါ်ပေါက်စေခဲ့တယ် .. ။

စမ်းပင် မကြည့်ရသေးဘဲ " မလုပ်နိုင်ပါဘူး " ဆိုတဲ့ ဆင်ခြေတစ်ခု အကူအညီနဲ့ ခွန်အားအလုံးစုံကို ကိုယ်တိုင် ရိုက်ချိုးပစ်ခဲ့တယ် .. ။

ဒါပေမယ့် မျှော်လင့်ချက်ကတော့ အသက်ရှင် ကျန်ရစ်နေတုန်းပဲ ..

စွန့်ပစ်လို့ ထွက်ခွာ မသွားရက်သေးဘူး တဲ့လေ .. ။

သြဇာအာဏာသက်ရောက်မှုဆိုတာ နာရီတိုင်း .. မိနစ်တိုင်း .. စက္ကန့်တိုင်းမှာ ဖြစ်ပေါ်နေတာ .. ။

ည ခုနှစ်နာရီ ထိုးရင် လာနေကျဖြစ်တဲ့ ရုပ်ရှင်တစ်ကားလိုမျိုး ..
ချုပ်တည်းထားပေမယ့် အချိန် ကျရင် အတွေးနယ်ပယ်ထဲ သူ့ အလိုအလျောက် စိုးမိုးလာတာ .. ။

တိုက်ဆိုင်တာလေးများတွေ့ရင် သူ့ကို ဦးဆုံး သတိရမိတာမျိုး .. ။

ကျွန်​​မရဲ့ဘေး သူ အမှန်တကယ် ရှိမနေပေမယ့် သူ့ပုံရိပ်တွေက ကျွန်​​မနဲ့ အနီးဆုံးမှာ အမြဲတစေ ထပ်ကြပ်မကွာ အတူ ပူးကပ်နေတာမျိုး .. ။

ယောက်ျားလေးဝတ် အင်္ကျီဆိုင်ရှေ့ ရောက်တဲ့အခါတိုင်း သူ့ကို မြင်ယောင်လာမိတာမျိုး .. ။

တစ်ခါမှ မဆုံဖူးခဲ့လို့ သူ့ခန္ဓာကိုယ် အချိုးအစားကို အတိအကျ မသိပေမယ့် ဒီအင်္ကျီလေးဆို သူနဲ့ တော်လောက်မှာပဲ .. သူ ဝတ်လိုက်ရင် အရမ်း ကြည့်ကောင်းမှာပဲ .. တွေးရင်း နှုတ်ခမ်းတွေက ကြည်ကြည်နူးနူး ပြုံးလာမိတာမျိုး .. ။

သူ ဖတ်ကြည့်ဖို့ မဆိုထားနဲ့ .. လက်ခံယူဖို့တောင် မသေချာတဲ့ စာတွေကို တစ်ယောက်တည်း ခံစားချက်အပြည့်နဲ့ ချရေးရင်းက ရင်ခုန်လှိုက်ဖိုစွာ ပျော်နေမိတာမျိုး .. ။

A Familiar StrangerWhere stories live. Discover now