10. Dear Stranger

6.3K 592 17
                                    

ငွေကြေးအသပြာ ပုံပေးပြီး အဖိုးဖြတ်ဖို့ မလိုအပ်တဲ့ မြတ်နိုးမှု တစ်ခုနဲ့အတူ ..

အခါခါ မြင်တွေ့ပြီးသား သမာရိုးကျ ဓာတ်ပုံတစ်ပုံကိုတောင် အသက်ရှူရမည်မှန်း မေ့ဖျောက်ရင်း ဖုန်းမျက်နှာ တစ်ပြင် ကွဲအက်လုနီးနီး အကြိမ်ကြိမ် ငေးမောနေမိဆဲ .. ။

ခေါက်ရိုးကျိုးနေတဲ့ စည်းချက်မဲ့ နှလုံးခုန်သံတွေကို တစ်ဦးတည်း တိတ်တခိုး နားထောင်ရတာ ငြီးငွေ့ဖွယ် ကောင်းလွန်းမှန်း သိနေရက်
သိချင်ယောင်တော့ တစ်ခါမှ မဆောင်ခဲ့။

ဒါကို ကျိန်စာ ဟု ပြောရင်တောင် အလျဉ်းသင့် ခံယူဖို့ အသင့်။

ဒီလောက် လှပခမ်းနားတဲ့ ကျိန်စာမျိုး ရက်ရက်ရောရော အတိုက်ခံရတာ
နည်းတဲ့ ကုသိုလ်ကံ ဟုတ်ပါ့မလားနော်။

တစ်ကြိမ်တစ်ခါက သူသာ ရှိရင် အရာအားလုံး ပြီးပြည့်စုံပြီ လို့ မိုက်မဲစွာ သတ်မှတ်ဖူးတယ် ..

ဟောဒီ ဘယ်ဘက်ရင်အုံထဲ သူ ဆိုတဲ့ လူသားတစ်ဦး ပုံရိပ်ယောင်အဖြစ် လာရောက် ထင်ဟပ်ရင်း အနီးဆုံးမှာ နေထိုင်နေသည် ဆိုသော်ငြား

သူ့ ပုံရိပ်ယောင်လေး အသက်ရှင်နေရုံနဲ့ ရင်ဘတ် တစ်စုံလုံးကို ဟက်တက် ခွဲ၊
သူ ရှိတဲ့ နှလုံးသားကို လက်ထဲ ထာဝရ ဆုပ်ကိုင်ထားလို့ ရပါလိမ့်မလား ?

လက်ခံလိုက်ရပြန်ရဲ့ ..

အနီးဆုံးမှာ ဖမ်းချုပ်ထားတာတောင် သူဟာ ဟိုးအဝေးဆုံးမှာ ရှိနေတဲ့ မြူကလေး တစ်မှုန် ဆိုတာ။

" လူယုံ သတ်တယ် " ဆိုတဲ့ စကားပုံလို ...

ပျော်ရွှင်စရာ အဆုံးသတ်နဲ့ ဝန်းရံထားတဲ့ စိတ်ကူးယဉ်ပုံပြင်တိုင်းပေါ် လက်တွေ့ကမ္ဘာထဲက အစက်အမှုန်တွေ သတိလက်လွတ် လွင့်စင် ကျလာခဲ့ရင် ...

မိုက်မဲမိတဲ့ နှလုံးသားကို ဒဏ်ရာတွေ ပြည့်နှက်နေတဲ့ ဦးနှောက်က ဆူပူတယ်။

" ပျော်ရွှင်ဖို့ တမင် ဖန်တီးတဲ့ စိတ်ကူးယဉ်ပုံပြင်တွေဆိုတာ နာကျင်မှု အကျိုးဆက်ကို ကိုက်ချီရင်း ရှင်သန်လာမှန်း ဘာကြောင့် ကြိုတင် မသိခဲ့သလဲ " တဲ့လေ။

A Familiar StrangerWhere stories live. Discover now