နောင်တစ်ချိန်ကျရင် ...
နင်နဲ့ငါ ဘယ်တော့မှ ထပ်ဆုံဖြစ်မှာ မဟုတ်တော့တဲ့
အဲ့ဒီ အချိန်ကျရင်ပေါ့ ...ဘာ မဟုတ်တဲ့ အသေးအဖွဲ ကိစ္စလေးတွေအတွက်လည်း နင် မသိဘဲ တစ်ယောက်တည်း အရူးလို စိတ်ဆိုးခဲ့ စိတ်ကောက်ခဲ့ဖူးတဲ့ အခိုက်အတန့်လေးတွေကို တူးတူးခါးခါး တမ်းတနေမိတော့မှာ ... ။
ဘယ်တော့မှ ပြန်မရနိုင်တော့မယ့် အမှတ်တရလေးတွေက နှလုံးသားကို တိုက်တိုက်ဆိုင်ဆိုင် လာခလုတ်တိုက်မိချိန်တိုင်းမှာ
ဆယ်ကျော်သက်ဘဝအကြောင်း တစ်ခေါက်ပြန် သတိရမိတဲ့အခါမျိုးမှာ
အိုမင်းသွားတဲ့ ငါ့အပြုံးတွေ တစ်စက်ကလေးမှ ကြည့်ပျော်ရှုပျော်မရှိတော့မှန်း ရိပ်မိတဲ့အချိန်
ဟိုးအရင်က ငါ့အပြုံးတွေ ဒီ တစ်လောကလုံးမှာ ဘာကြောင့် အလှဆုံးဖြစ်ခဲ့သလဲ ဆိုတဲ့ အကြောင်းအရင်းကို ပြန်တွေးမိချိန်တိုင်းမှာငါ နင့်ကို
ရူးမတတ် သတိရနေမိတော့မှာ ... ။
တနင်္ဂနွေနေ့ညရောက်တိုင်း တောင့်တောင့်တတ စောင့်မျှော်နေတတ်တဲ့ နင့်ရဲ့ ခပ်သြောသြော စာဖတ်သံတွေကို အဲ့တုန်းက ငါ ဘယ်လောက် မြတ်နိုးခဲ့တယ် ဆိုတဲ့ အကြောင်း ...
နင် စာဖတ်နေတုန်း ဘေးကနေ ကြောင်ကလေးတွေ လာနှောင့်ယှက်ရင် "ဒီကလေးလေးကတွေကတော့လေ" ဆိုပြီး အားနာနာနဲ့ ရယ်မောနေတတ်တဲ့ နင်က ဘယ်လောက် ချစ်ဖို့ကောင်းခဲ့တယ် ဆိုတဲ့ အကြောင်း ...
စိတ်တိုင်းကျ နင့်ကို ချစ်နေနိုင်တဲ့ အချိန်တွေက အိပ်မက်တမျှ ခမ်းနားခဲ့ကြောင်း ...
မပိုင်ဆိုင်နိုင်ပေမယ့် စွန့်လွှတ်ဖို့လည်း မလိုအပ်သေးတဲ့ အဲ့ဒီတစ်ချိန်တုန်းက မဆိုစလောက် နာကျင်ရတာတွေ ဖယ်လိုက်ရင် ငါဟာ ဒီကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားတစ်ယောက် ဖြစ်ခဲ့ဖူးတယ် ဆိုတဲ့ အကြောင်း ...
အဲ့ဒီ တစ်ချိန်ရောက်ရင် ...
ငါ အခုလိုမျိုး နင့်ဆီ တိုင်တည်ပြီး နေ့တိုင်းလိုလို ဖွဲ့ဖွဲ့နွဲ့နွဲ့ လာဝန်ခံဖြစ်တော့မှာ မဟုတ်ဘူး ... ။
DU LIEST GERADE
A Familiar Stranger
Sachbücherမြင်တွေ့ခွင့်တော့ ရှိပြီး .. မနီးစပ်နိုင်တဲ့ အဲ့ဒီ ကြယ်ပွင့်တွေလို ... သူဟာလည်း ကျွန်မအတွက် အရင်းနှီးဆုံး သူစိမ်းတစ်ယောက် ...