2. The Dreams That You Live In

3K 337 7
                                    

ငါ နင့်ကို ဘာလို့ ချစ်ခဲ့သလဲ ဆိုတဲ့ မေးခွန်းကို သတိရတိုင်း ငါ့ကိုယ်ငါ အကြိမ်ကြိမ် ပြန်မေးဖြစ်တယ်။
နင့်ကို ချစ်လာမိတဲ့ ဟောဒီ ငါးနှစ်လုံးလုံး အဲ့ဒီအဖြေကို ငါ ဘယ်နေရာမှာ လှန်လှောပြီး လိုက်ရှာရှာ၊ ရှာလို့မတွေ့သေးတာက ပြဿနာ။

အစကတော့ နင်က ချစ်ဖို့ကောင်းလို့ ငါ နင့်ကို ချစ်ခဲ့မိတယ် ထင်တာ။ ဒါပေမယ့် တစ်ခါတစ်လေ နင် ရုပ်တည်ကြီးနဲ့ နေပြီး နည်းနည်းလေးမှ ချစ်ဖို့ မကောင်းတော့လည်း ထူးထူးဆန်းဆန်း ငါ နင့်ကို ချစ်နေတုန်းပဲ။ ဘုရားပေးတဲ့ နင့်ရဲ့ တခမ်းတနားအသံကြောင့် ငါနင့်ကို တဖြုတ်ဖြုတ်ကြွေခဲ့သလားလို့ တစ်ခါထပ် အတွေးပင်လယ်ထဲ လက်ပစ်ကူးမိပြန်တယ်။ မဟုတ်ဘူး။ နင် သီချင်းတွေမဆိုတော့လည်း ငါ အရင်အတိုင်း နင့်ကို ဆက်ချစ်နေဦးမှာ။ လူတွေ သိပ်မသိသေးတဲ့ နင့်ရဲ့ လျှို့ဝှက်ချက်တွေ၊ ဒီထက်မကတဲ့ နင့်ရဲ့အပြစ်တွေကို ရှာမတွေ့ချင်ဘဲ ဆက်ရှာတွေ့လည်း ငါ နင့်ကို အဲ့ဒီ ဟိုးပထမဆုံးအချိန်ကအတိုင်း မပြောင်းမလဲ ဆက်ချစ်နေဦးမှာ။

ငါ့ဘဝမှာ ဘယ်ယောက်ျားရဲ့ အပြစ်အနာအဆာကိုမှ မြတ်နိုးစရာတစ်ခုလို့ မသတ်မှတ်ခဲ့ဖူးဘူး။ နင်က လွဲရင်။ ဟုတ်တယ်။ ပထမဆုံးအနေနဲ့ လူသားတစ်ယောက်ရဲ့ အရာအားလုံးကို ငါ မြတ်မြတ်နိုးနိုး ချစ်ခဲ့မိတာ။
ငါ့ဘဝထဲ မမျှော်လင့်ဘဲ ဝင်လာတဲ့ အထူးခြားဆုံး အဲ့ဒီ လူသား။ အဲ့ဒါ နင်တစ်ယောက်တည်းပဲ။
နင်က နင်မို့လို့ ငါ နင့်ကို ချစ်တာ။ တစ်ခြားလူတွေက နင် မဟုတ်လို့ အဲ့ဒါကြောင့် ငါ နင့်ကိုပဲ ချစ်တာ။

ငါ ခြွေချဖူးသမျှ တောင်းဆုတိုင်းမှာ နင့် ရယ်သံတွေ အမြဲ ပါတယ်။ ငါ တောင့်တမိသမျှ အနာဂတ်တိုင်းမှာ နင် ကျန်းကျန်းမာမာ ရှိတဲ့ ပုံရိပ်တွေ ထင်ဟပ်နေသလို နင့်ကို ထာဝရ ပျော်ရွှင်စေချင်တဲ့ ဆန္ဒတစ်ခုလည်း အချိန်တိုင်း ပုန်းခိုနေတယ်။ နာကျင်စရာတွေကို နင် ထပ်မတွေးမိတော့ရင် သိပ်ကောင်းမှာပဲ။ မီးတောက်ဖျားကနေ ဟိုးအဝေးကို ခုန်ထွက်သွားတဲ့ အခိုးအငွေ့ပူပူတွေလိုပေါ့။ မနက်ဖြန်မနက်ရောက်ရင် မလှမပ အတိတ်ဟောင်းအကုန် နင့် ဦးနှောက်ထဲက အပြီးအပိုင် ထွက်သွားကြရင် တကယ်ကို သိပ်ကောင်းမှာ။

A Familiar StrangerDove le storie prendono vita. Scoprilo ora