ဘယ်တုန်းကမှ မပိုင်ဆိုင်ခဲ့ဖူးပေမယ့် စွန့်လွှတ်လိုက်ရမှာ ကြောက်ရွံ့နေတတ်တာကို လောဘလို့ ခေါ်မလား ?
ဒါမှမဟုတ် အဲ့ဒါဟာ မိုက်ရူးရဲဆန်မှုလား ?
ကိုယ်လည်း မပိုင်ဆိုင်နိုင်ပါဘဲ သူတစ်ပါး ပိုင်ဆိုင်သွားမှာကို အကြောက်အကန် စိုးထိတ်နေမိတဲ့ အဲ့ဒီ တစ်ဖက်သတ်စိတ်က ကောင်းမွန်တယ်လို့တော့ ဘယ့်နှယ့် ဆိုနိုင်ပါ့မလဲလေ .. ။
အခုအချိန်ထိ တစ်ခြားသူ တစ်ယောက်ရဲ့ အပိုင် မဟုတ်သေးဘူးဆိုရင်တောင် ဒီလူဟာ ကိုယ့်အပိုင် ဖြစ်ဖို့အတွက် မွေးဖွားလာခဲ့တာမဟုတ်ဘူး ဆိုတဲ့ အဲ့ဒီ အမှန်တရားကို တစ်ခါတစ်ရံမှာ ရူးရူးမိုက်မိုက် မေ့ပျောက်နေတတ်သေးတယ် ..
မဟုတ်ဘူး .. တမင် မေ့ဖျောက်ထားမိသေးတယ် ..
ကိုယ့်အတ္တတွေနဲ့ ကိုယ့်ကိုကိုယ် ပြန်လို့ ညှင်းဆဲနေမိသေးတယ် .. ။
ကျွန်မအတွက်တော့ သူဟာ ကိုယ့်အိမ်ပေါ် ခက်ခက်ခဲခဲ ရောက်လာပြီးမှ ကိုယ်နဲ့ မထိုက်တန်လို့ သူများ လက်ထဲ ကြည်ကြည်ဖြူဖြူ ထည့်ပေးလိုက်မိတဲ့ Limited Album တစ်ခုလိုပဲ ..
သိခွင့်ရဖို့ အတွက် အကြောင်း ဖန်လာခဲ့ပေမယ့် ပိုင်ဆိုင်ဖို့ အထိတော့ ကံကြမ္မာက ရက်ရက်ရောရောနဲ့ အခွင့်အရေး မပေးခဲ့ဘူး .. ။
တမြေ့မြေ့ တွေးလို့ နာကျည်းနေရင်လည်း ဘယ်သူကမှ မသနား မညှာတာပေးဘူး ဆိုတာ နားလည်ပေမယ့် ဘယ်သူကမှ မသနားရင်တောင် ကိုယ့်ကိုယ်ကိုယ်တော့ သနားပါရစေ ဆိုပြီး ရူးမိုက်တဲ့ မျက်ရည်စက်တစ်ချို့ကို ဒီ ပါးပြင်ထက် စီးဆင်းခွင့် ပေးဖူးတယ် ..
ဒါပေမယ့် ဒီ့ထက် ပို နာကျည်းဖို့ ကောင်းတဲ့ အရာက ဘာလို့ ထင်သလဲ ?
ကျွန်မ မျက်ရည်တွေကို သူ မမြင်နိုင်ဘူး ဆိုတာ ..
ကျွန်မ ငိုသံတွေကို သူ မကြားနိုင်ဘူး ဆိုတာ ..
ပြီးတော့ ကျွန်မ ငိုကြွေးနေတဲ့ အဲ့လို အချိန်မှာ နှစ်ထောင့်နှစ်ရာမိုင်အဝေးက သူဟာ လှိုက်လှိုက်လှဲလှဲ ပြုံးရယ်နေတယ် ဆိုတာ ... ။
ရာသီဥတု အခြေအနေ ဆိုးဆိုးရွားရွား ဖောက်ပြန်လို့ မွေးမိခင်ရဲ့ သာယာနာပျော်ဖွယ် ဆူဆဲသံတွေ တရစပ် ရွာသွန်းလာလေချိန်တိုင်း ..
တစ်ကြိမ်တစ်ခါမှ ကျွန်မကို သတိမရပေးခဲ့ဖူးတဲ့ တစ်စုံတစ်ဦးကို သတိရမိတယ် ...
ESTÁS LEYENDO
A Familiar Stranger
No Ficciónမြင်တွေ့ခွင့်တော့ ရှိပြီး .. မနီးစပ်နိုင်တဲ့ အဲ့ဒီ ကြယ်ပွင့်တွေလို ... သူဟာလည်း ကျွန်မအတွက် အရင်းနှီးဆုံး သူစိမ်းတစ်ယောက် ...