မိုးရွာတဲ့ နေ့ရက်တိုင်းအတွက် အပြီးပြည့်စုံဆုံး အချစ်သီချင်းကလေးတွေ ဖန်ဆင်းပေးခဲ့လို့ သိပ် ကျေးဇူးတင်ပါတယ် ဆိုတဲ့အကြောင်း ဘယ်တော့လောက်များ သူ့ရှေ့မှောက် အရောက် ပြောပြခွင့် ရှိမလဲ ?
တိမ်စိုင်တွေ ဖုံးလို့ ကြယ်ကလေး အမြင်အာရုံထဲက ထွက်ခွာ ပျောက်ရှသွားရင် ...
ကြယ်ကလေးနဲ့ ဒီ မျက်ဝန်းတွေကြား ကာဆီးထားတဲ့ ဟိုး မိုးပေါ်က တိမ်တိုက်တစ်ချို့ဟာ
တမြေ့မြေ့ မုန်းတီးချင်ဖွယ် ကောင်းလာတော့ရဲ့ ... ။ညရောက်မှ ခဏတဖြုတ်လေး အယောင်လာပြရရှာတဲ့ ကျွန်မရဲ့ ကြယ်ကလေးကို
ညစဉ်ညတိုင်း ဝေဝေဝါးဝါးလေးပဲ ဖြစ်ဖြစ် ဆက်ပြီး မြင်တွေ့နေနိုင်အောင်
ကျေးဇူးပြုလို့ မကွယ်ဝှက်ထားကြပါနဲ့လား ... ။သူ ပြောပြသလောက်သာ သိခွင့်ရှိတဲ့ ဘဝမို့။
သူ့ မျက်ဝန်းတစ်စုံကို ငေးမောရင်း နာကျင်စရာ အမှန်တရားတစ်ချို့ ဖတ်တတ်ခဲ့ဖူးပေမယ့်
သူက မဟုတ်ပါဘူး လို့ ဗြောင်ငြင်းရင် မဟုတ်လောက်ပါဘူး ဇွတ်အတင်းယုံကြည်လိုက်မိတဲ့ ခေါင်းမာမာ နှလုံးသားတစ်စုံနဲ့ လူမို့။လှည့်ကြည့်လိုက်တိုင်း ဘယ်တုန်းကမှ နံဘေးမှာ အဆင်သင့် ရှိမနေတဲ့ ပုခုံးတစ်ဖက်ကို
မျက်ရည် ပြိုတဲ့ ဘယ်အခိုက်အတန့်တိုင်းမဆို ရင်နဲ့အမျှ တမ်းတနေမိဆဲ။တော်သင့်ပြီလေ။
အိပ်မက်တွေထဲက နိုးထလိုက်စမ်းပါတော့ ... ။မြတ်နိုးခဲ့ဖူးသလို မြတ်နိုးနေတုန်း။
နောက်ထပ် နှစ်ကာလ ဘယ်လောက်များ ကြာရင် မြတ်နိုးမှုတွေ အဆုံးသတ်သွားမလဲ မတွက်ချက်တတ်ပေမယ့်
မြတ်နိုးခွင့်ရနေတုန်းလေး အဆုံးအစမဲ့ မြတ်နိုးနေချင်သေးတယ်။နေ့ရက်တိုင်း ဘေးကင်းပြီး ..
နေ့ရက်တိုင်း ပျော်ရွှင်ပြီး ...
ချစ်ရတဲ့သူတစ်ချို့နဲ့ ဘဝတစ်လျှောက်လုံး အလှဆုံး အမှတ်တရတွေသာ အတူဖန်တီးနိုင်ပြီး ...သူ့အရှေ့က ရွှေဝါရောင် ပင်လယ်ပြင်ကြီးထဲ
လက်ပစ် ကူးခတ်ဖို့ ခွန်အားတွေ နောက်တစ်ကြိမ် ထပ် ရှိမလာတော့လည်း
VOUS LISEZ
A Familiar Stranger
Non-Fictionမြင်တွေ့ခွင့်တော့ ရှိပြီး .. မနီးစပ်နိုင်တဲ့ အဲ့ဒီ ကြယ်ပွင့်တွေလို ... သူဟာလည်း ကျွန်မအတွက် အရင်းနှီးဆုံး သူစိမ်းတစ်ယောက် ...