အခုထိ အံဆွဲဟောင်းတစ်ခုထဲမှာ ပိတ်လှောင်ခံထားရတဲ့ စာအိတ်နွမ်းနွမ်းကလေးက သူတော်တော်လေး အထီးကျန်နေပြီ ဆိုတဲ့အကြောင်း နေ့တိုင်းလိုလို အိပ်မက် လာပေးတယ်။
အပင်ပန်းခံ ရေးဆွဲထားတဲ့ အဆုံးသတ်တစ်ခုက ဘယ်နည်းနဲ့မှ ပြောင်းလဲသွားမှာ မဟုတ်တာ သေချာပေမယ့်လည်း တစ်ခါလောက်ဖြစ်ဖြစ် မျက်ဝန်းတွေထဲ လေးလေးနက်နက် ငေးကြည့်ရင်း ပြုံးပြဖူးချင်တယ် ဆိုတဲ့ အကြောင်း ...
အမှတ်တမဲ့ ဖန်တီးလိုက်တဲ့ ပျော်ရွှင်မှုကြားက အပြုံးတွေအားလုံးအတွက်ရော
သတိတရ ဖန်တီးပေးတဲ့ မျက်ရည်ကြားက အပြုံးတွေအားလုံးအတွက်ပါ
ပြောမပြတတ်အောင် ကျေးဇူးတင်တယ် ဆိုတဲ့အကြောင်း ...သူ ဘယ်တုန်းကမှ မသိခဲ့ဘူး။
ဟိုးအစကတည်းက ဝေးနေတဲ့ ဘဝနှစ်ခုက ဘယ်တော့မှ နီးစပ်လာနိုင်မှာ မဟုတ်ဘူး ဆိုပဲ ...
ဘယ်လောက်ပဲ အခွင့်အရေးတွေ ရှိလာလာ
ဘယ်လောက်ပဲ တစ်နေ့ထက်တစ်နေ့ အချစ်တွေ ပိုနက်ရှိုင်းလာလာပေါ့။" နေ့တိုင်း နားထောင်မဝတဲ့ အိပ်ယာဝင်ပုံပြင် လှလှလေး " တဲ့။
စာအုပ်တစ်အုပ်ထဲမှာ ဖတ်လိုက်ရတဲ့ အဲ့ဒီ စာသားလေးကို မြင်မြင်ချင်း ကျွန်မ သိပ် သဘောကျသွားခဲ့တယ်။
ဝမ်းနည်းစရာ အဆုံးသတ်မှန်း ကြိုသိထားနှင့်ပေမယ့် စကားလုံးတွေနဲ့ မဖော်ပြနိုင်လောက်အောင် လှလွန်းတဲ့ ကျွန်မရဲ့ အိပ်ယာဝင် ပုံပြင်လေး။
ဆယ်ကျော်သက်ဘဝမှာ ကျွန်မကို ပျော်အောင် ဖန်တီးနိုင်ခဲ့တဲ့ တစ်ပုဒ်တည်းသော အိပ်ယာဝင် ပုံပြင်လေး။
ကြယ်တွေကြွေရင် တောင်းတဲ့ဆုတစ်ချို့ ပြည့်တတ်တယ် ဆိုတာကို ယုံသလား လို့ မေးကြည့်ချင်တယ်။
တခြားသူတစ်ယောက်ရဲ့ ပျော်ရွှင်မှုတွေအကြောင်း ကြားရတဲ့အခါ ကျွန်မရဲ့ ပျော်ရွှင်မှုက သူ ဖြစ်ကြောင်း ပြောပြမိတယ်။
တခြားသူတစ်ယောက်ရဲ့ ဒဏ်ရာတွေအကြောင်း ထပ်ကြားရတဲ့အခါ ကျွန်မရဲ့ ဒဏ်ရာက သူပဲ ဖြစ်ကြောင်း ပြောပြမိပြန်တယ်။
VOCÊ ESTÁ LENDO
A Familiar Stranger
Não Ficçãoမြင်တွေ့ခွင့်တော့ ရှိပြီး .. မနီးစပ်နိုင်တဲ့ အဲ့ဒီ ကြယ်ပွင့်တွေလို ... သူဟာလည်း ကျွန်မအတွက် အရင်းနှီးဆုံး သူစိမ်းတစ်ယောက် ...