07. Dear Stranger

8.9K 789 28
                                    

သူ မြင်နေနိုင်တဲ့ မိုးရေစက်တစ်ချို့က ကျွန်​​မ နေထိုင်ရာ ကမ္ဘာကြီးနဲ့တော့ တစ်စိတ်တစ်ပိုင်းကလေးမှ မသက်ဆိုင်ဘူး .. တဲ့ ... ။

ဒါပေမယ့်ပေါ့ ..

သေချာပါတယ်လေ ...

အဲ့ဒီမှာ ရွာသွန်းနေတဲ့ မိုးရေစက်တွေကလည်း ဒီမှာလိုပဲ အရမ်းကို လှပနေလွန်းမှာပါ ....

ဒီအချိန်ဆို အဲ့ဒီမှာလည်း မိုးတွေ တဖွဲဖွဲ ရွာနေလောက်ပြီလား ?

လေထုထဲ ကခုန်ကျဆင်းနေတဲ့ မိုးစက်တွေကို ငေးကြည့်ရင်း သူ ပြုံးနေလိမ့်မလား ?

အမှတ်တရတစ်ချို့ကို အောက်မေ့တမ်းတနေမလား ?

ရင်ဘတ်ထဲမှာ တိတ်တိတ်ကလေး သိမ်းဆည်းထားတဲ့ တစ်စုံတစ်ဦးကိုပဲ လွမ်းဆွတ်နေလေမလား ?

" ဟောဒီ မိုင်နှစ်ထောင့်နှစ်ရာ အဝေးမှာလည်း မိုးတွေ သည်းကြီးမည်းကြီး ရွာနေတယ် သိလား " လို့ ရွှင်ရွှင်မြူးမြူး အဖော်စပ်မိတယ် ...

သူနဲ့ မသက်ဆိုင်တဲ့ မိုးရေစက်တစ်ချို့ကို အသိအမှတ်ပြုပေးဖို့ သူဟာတော့ ဘယ်တုန်းကမှ အားထုတ် မပေးခဲ့ပြန်ဘူး .. တဲ့ ... ။

အနီးဆုံးက လူတစ်ချို့ထက်စာရင် အဝေးဆုံးက လူတစ်ယောက်ဟာ ပို အဖိုးတန်ပါတယ်လို့ မိုက်မိုက်မဲမဲ ယူဆထားတဲ့ ကျွန်​​မ ...

အဝေးဆုံး လူတွေ မဟုတ်၊ အနီးဆုံး လူတစ်ချို့သည်သာ သူ့ဘဝအတွက် အရေးအကြီးဆုံးပါ လို့ တရားဝင် သတ်မှတ်ထားတဲ့ သူ ...

အချိန်ရာသီတွေ မတူညီဘူး ..

စကားအပြောအဆိုတွေ ကွဲပြားခြားနားတယ် ..

နှလုံးသားတစ်စုံတော့ နီးစပ်ပါစေလေ ဆိုပြီး လိုက် လံ တုပကြည့်မိတဲ့အခါ " နာကျင်မှု " ဆိုတဲ့ ဆုလာဒ်က လွဲလို့ ကျန်တာ ဘာတစ်ခုမှ မပိုင်ဆိုင်ဖြစ်လိုက်ဘူး .. ။

ကျွန်​​မ နေထိုင်ရာ ကမ္ဘာကြီးထဲက ရွာသွန်းနေဆဲ မိုးရေစက်တွေအကြောင်း တစ်စေ့တစ်စောင်း မသိပါဘဲ " အပြင်ထွက်ရင် ထီး ဆောင်သွားနော် " လို့ သူ ဆိုပေးခဲ့တယ် ...

အနီးဆုံးက လူတွေကို ရည်ရွယ်တဲ့ သူ့ရဲ့ အဲ့ဒီ စကားလေးတစ်ခွန်းဟာ အဝေးဆုံးက ကျွန်​​မအတွက် ပြောင်းလဲမှုတစ်ချို့ကို ထူးဆန်းစွာ ယူဆောင်လာပေးခဲ့လေရဲ့ ...

A Familiar StrangerWhere stories live. Discover now