" ကျန်းမာရေး ချူချာလွန်းတဲ့ ယောက်ျားတစ်ယောက်ကို အမြဲ မပြောင်းမလဲ ချစ်နေပေးလို့ ကျေးဇူး အရမ်း တင်ပါတယ် " ဆိုတဲ့ သူ့ရဲ့ လေသံဖျော့ဖျော့လေးတွေ...
ကျွန်မ ဖန်တီးတဲ့ တိုးဖွဖွ အသက်ရှူသံတစ်ချို့နောက်က ညီညီညာညာ လိုက်ပါရင်း နားစည်တစ်ဝိုက်ဆီ တဝဲလည်လည် ရစ်သီနေဖို့ ဒီတစ်နေ့စာအတွက် ပိပိရိရိ တာဝန်ယူထားကြတယ် ထင်ပါ့။
ဘယ်သူကမှ မအပ်နှင်းတဲ့ နာကျင်မှုလက်ဆောင်ကို တစ်ယောက်တည်း ကျေကျေနပ်နပ်ကြီး ခါးစည်းခံခဲ့တာ လွန်ခဲ့တဲ့ သုံးနှစ်ကျော်။
တစ်ခါတစ်လေလည်း ငါဟာ ဒီလိုနဲ့ တစ်စတစ်စ ပိုပြီး လမ်းပျောက်သွားတော့မှာပါလား လို့ အယောင်ယောင်အမှားမှား အသိဝင်ခဲ့တဲ့ နေ့ရက်တွေတော့ ရှိဖူးသား။
တစ်စုံတစ်ဦးဟာ ကိုယ့်ရဲ့ နာကျင်မှုကို သူ့ရဲ့ နာကျင်မှုအဖြစ် ထပ်တူ ခံစားပေးမယ်ဆို ..
အဲ့ဒီ တစ်စုံတစ်ဦးဟာ ကိုယ့် ရင်ဘတ်ထဲ ထာဝရ သိမ်းဆည်းထားသင့်တဲ့ သူ ဖြစ်သတဲ့။သို့လင့်ကစား
သူ့ရဲ့ ရင်ဘတ်ကျယ်ကျယ်တစ်စုံထဲ ထာဝရ သိမ်းဆည်းထားတဲ့ သူတွေ များပြားလွန်းပုံ ရတော့ ..
ဝင်ရောက်နေထိုင်ခွင့် ပေးဖို့ ခခယယ အသနား သွားခံတာတောင် အားနာနာနဲ့ ပြန်လည် ငြင်းပယ်လွှတ်တယ်..
နေရာ မဆံ့တော့ဘူး ဆိုပဲ ... ။အရိုးသားဆုံး ဝန်ခံခဲ့ဖူးတာပေါ့..
ပိုင်ဆိုင်ချင်တယ်လို့လေ။လောဘရမ္မက်တွေကို တစ်သီတစ်တန်းကြီး ပွေ့ပိုက်လို့ အလှဆုံး အိပ်မက်တွေ မက်ခဲ့ဖူးတာပေါ့..
သူနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံခွင့် ရမယ့် အဲ့ဒီ အံဖွယ် နေ့ရက်ကလေးကိုလေ။ဒါပေမယ့် ..
တကယ်လို့များ ဘဝမှာ တစ်ကြိမ်တစ်ခါပဲ ဆုတစ်ခု တောင်းခွင့် ရှိပြီး
အဲ့ဒီ ဆုတောင်းဟာ သေချာပေါက် မလွဲမသွေ ပြည့်ဝလာမယ် ဆိုရင် ...တွေ့ဆုံခွင့် ရဖို့ ရွေးချယ်မိမှာ မဟုတ်သလို
ချစ်သူရည်းစား ဖြစ်ခွင့် ပေးပါ ဆိုတဲ့ ရူးကြောင်ကြောင် ဆန္ဒတစ်စုံတစ်ရာကိုလည်း မျက်စိလည် လမ်းမှားပြီးတောင် အတွေးထဲ အဝင်ရောက် ခံလိမ့်မယ် မထင်ဘူး။
CZYTASZ
A Familiar Stranger
Literatura Faktuမြင်တွေ့ခွင့်တော့ ရှိပြီး .. မနီးစပ်နိုင်တဲ့ အဲ့ဒီ ကြယ်ပွင့်တွေလို ... သူဟာလည်း ကျွန်မအတွက် အရင်းနှီးဆုံး သူစိမ်းတစ်ယောက် ...