အသေးငယ်ဆုံးနဲ့ အဆန်းကြယ်ဆုံး တိုက်ဆိုင်မှု ဆိုတာ ကျွန်မ ရင်ထဲက အသံတိတ် ရေရွတ်မိတဲ့ မေးခွန်းတစ်ကြောင်းကို သူက အသံထွက်ပြီး ဖြေဆိုလိုက်တာမျိုး။
ကျွန်မ ပြောပြခဲ့ဖူးလား။
ကျွန်မ ဘဝရဲ့ အမြတ်နိုးဆုံး အခိုက်အတန့်က သူ ကိုယ်တိုင် ပြောပြတဲ့ သူ့ပုံပြင်လေးတွေကို ရင်သက်ရှုမောစွာနဲ့ နားထောင်ရတဲ့အခါ ဆိုတာလေ။ကလေးအရွယ်တုန်းက အမေနဲ့ ကွဲပြီး သူ တစ်ကိုယ်တည်း လမ်းပျောက်သွားခဲ့ဖူးတဲ့ အကြောင်း။
သူ ကြုံခဲ့ရတဲ့ ကြောက်ရွံ့မှုတွေ။ ပြီးတော့ နာကျင်မှုတွေ။
သူ့ကို ကြွေပြီး လက်ဆောင်တစ်ပြုံတစ်ခေါင်း လိုက်ပေးတဲ့ ကောင်မလေးတွေ ငယ်ငယ်ကလည်း အများကြီး ရှိခဲ့ဖူးကြောင်း။
ကျောင်းတက်တုန်းက သူ ဘယ်လောက်တောင် နာမည်ကြီးခဲ့တယ် ဆိုတဲ့အကြောင်း။ကျွန်မ တစ်ယောက်တည်းကို မတိုင်တည်ခဲ့ပေမယ့် ကျွန်မ ဦးနှောက်ထဲ တစ်သက်လုံး မှတ်မိနေအောင် ဖန်တီးပေးလို့ သူ့ကို အရမ်းပဲ ကျေးဇူးတင်တယ်။
နှုတ်က တကူးတက ထုတ်မပြောလည်း မျက်ဝန်းထဲ ငေးကြည့်ရုံနဲ့ သူ့ရင်ထဲမှာ ဘာတွေ ဖြစ်နေလဲ တန်းသိခွင့်ပေးထားတဲ့ အဲ့ဒီ ယောက်ျားကို ကျွန်မ ချစ်တယ်။
အဆိုးဝါးဆုံးကိစ္စတစ်ချို့နဲ့ ကြုံခဲ့ရပြီးရင်တောင်မှ တောက်တောက်ပပ ရယ်မောပေးဖို့ အမြဲ သတိရနေတတ်တဲ့ အဲ့ဒီ ယောက်ျားကို ကျွန်မ သိပ်ချစ်တယ်။
၂၀၁၃ အစပိုင်းလောက်က ဖြစ်လိမ့်မယ်။
မှန် မပါတဲ့ မျက်မှန်အဝိုင်းကြီး တပ်၊ မြင်မြင်သမျှ လူတိုင်းကို မျက်နှာချိုလိုက်သွေးနေတဲ့ ပုံတုံးတုံး ဆံပင်ကေနဲ့ အဲ့ဒီလူက ကြောင်တောင်တောင်နိုင်လှချည်လား လို့ ရွတ်နောက်နောက် အတွေးတစ်ခု တွေးအပြီးမှာ အံ့သြဖို့ကောင်းစွာပဲ ကျွန်မ နှလုံးသားထဲကို အဲ့ဒီ ကြောင်တောင်တောင်လူ ဗြုန်းခနဲ တိုးဝင်လာခဲ့တယ်။အဲ့ဒီ ယောက်ျားဟာ ဟိုးအရင်တုန်းကရော အခုအချိန်ထိပါ တခြားလူတွေထက် သူ့ကို ပိုအာရုံစိုက်ပေးဖို့ ကလေးဆိုးကြီးတစ်ယောက်လို တိတ်တဆိတ် ဂျီကျနေတုန်း။
နာရီစက္ကန့်တွေ မရေတွက်နိုင်အောင် ပြောင်းလဲသွားလင့်ကစား ကျွန်မဟာလည်း သူ့တစ်ယောက်ကလွဲရင် တခြားဘယ်သူဘယ်ဝါကိုမှ မမြင်တွေ့နိုင်ဘဲ စုံလုံးကန်းနေတုန်း။
ကျွန်မတို့နှစ်ယောက်က အဲ့သည်လောက်ကိုပဲ အတိုင်အဖောက်ညီကြသတဲ့လေ။
![](https://img.wattpad.com/cover/73248717-288-k342522.jpg)
VOCÊ ESTÁ LENDO
A Familiar Stranger
Não Ficçãoမြင်တွေ့ခွင့်တော့ ရှိပြီး .. မနီးစပ်နိုင်တဲ့ အဲ့ဒီ ကြယ်ပွင့်တွေလို ... သူဟာလည်း ကျွန်မအတွက် အရင်းနှီးဆုံး သူစိမ်းတစ်ယောက် ...