တစ်ချိန်ချိန် ရောက်ရင် သေချာပေါက် ဆုံးရှုံးရမယ့် အရာတွေ ဖြစ်နေရဲ့သားနဲ့
ဆုံးရှုံးရမယ်မှန်းကို ငါတို့တွေ
မေ့ပျောက်နေကြတဲ့အခါဆုံးရှုံးရလုဆဲဆဲ အနေအထားကို လောကကြီးက တမင် ဖန်တီးပြတတ်တယ် ... ။
တစ်ခါတစ်လေ ငါတို့ရဲ့ မျက်စိရှေ့တည့်တည့်မှာတင် ငါတို့ မြတ်နိုးရတဲ့ အရာတွေ ပျောက်ကွယ်သွားကြတယ်။
မတားဆီးနိုင်ဘဲ နာကျင်ရုံက လွဲပြီး မရှိခဲ့တဲ့ နေ့ရက်တွေပေါ့ ... ။
ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သတ်သွားတယ် ဆိုတဲ့ ခံစားချက်ကို ငါ ခံစားခဲ့ဖူးတယ်။
အကြိမ်ကြိမ်အခါခါပါပဲ။မှုန်ဝါးဝါး မျှော်လင့်ချက်လေး တစ်ခုတည်းနဲ့ ...
ရှေ့ဆက်ရမယ့် နေ့ရက်တွေအတွက် ခွန်အား တင်းနေခဲ့တဲ့ လူတစ်ယောက် ဆီကအဲ့ဒီ မျှော်လင့်ချက်ကလေးကို
အပြီးတိုင် လုယူလိုက်တဲ့အခါ
အဲ့ဒီလူ ဘယ်လို ဖြစ်ကျန်ခဲ့မလဲ တွေးကြည့်ဖူးလား။ပျော်ရွှင်ရတော့မလိုလို မျှော်လင့်ချက်တွေ ပေးပြီး
နေ့ရက်တွေက တစ်ခါထပ် ကြေမွသွားပြန်တယ်။
ရက်စက်လိုက်တာလို့တောင်
မငြီးငြူချင်တော့လောက်အောင်ပဲ... ။သိပ်အကြာကြီး မဟုတ်တောင် သုံးရာခြောက်ဆယ့်ငါးရက်ကျော်လောက်တော့ မလွမ်းရတော့ဘူး အောက်မေ့ထားခဲ့တာ။
ဆွေးမြေ့နေတဲ့ ယဲ့တဲ့တဲ့ ကြိုးကလေးကို အလယ်ကနေ တစ်ယောက်ယောက်က စေတနာအပြည့်နဲ့ ဖာတေး ပေးလိုက်ပြီလို့တောင် ထင်မှတ်ထားခဲ့တာ။
ဝေးနေတာထက် ပိုပြီး ဝေးတဲ့
အဲ့လို အသိမျိုးကို ထွေးပိုက်ရင်းတော့
ငါ နင်နဲ့ မဝေးချင်ဘူးဟာ ... ။အရင်လို အနီးနားမှာ မဟုတ်ရင်တောင်
ငါ မြင်နိုင်တဲ့ အကွာအဝေးလေးမှာ ရက်နည်းနည်းလေး ကြာကြာ နင် ထပ် ရှိနေပေးပါဦးလား။ချစ်ဖို့ကောင်းတဲ့ နင့်ရဲ့ ပြက်လုံးတွေရယ်
အဲ့ဒီ ပြက်လုံးတွေနောက်က အတူ တွဲပါလာတဲ့ ရယ်သံတွေကို တိတ်တိတ်ကလေး နားထောင်ရင်း
နှုတ်ခမ်းတွေကို ငါ တောက်တောက်ပပ ကွေးညွတ်ထားကြည့်ချင်သေးတယ်လေ။
နင် ပြန်လာတာတောင် ဘယ်လောက်မှ
မကြာသေးဘဲ... ။
ESTÁS LEYENDO
A Familiar Stranger
No Ficciónမြင်တွေ့ခွင့်တော့ ရှိပြီး .. မနီးစပ်နိုင်တဲ့ အဲ့ဒီ ကြယ်ပွင့်တွေလို ... သူဟာလည်း ကျွန်မအတွက် အရင်းနှီးဆုံး သူစိမ်းတစ်ယောက် ...