ညလေအေးစိမ့်စိမ့်လေး ဖြတ်တိုက်သွားချိန်မှာ ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်သေးသေးလေးက တကျွီကျွီမြည်ပြီး လှုပ်ရမ်းသွားတယ် !
♨MIDNIGHT CAFE♨
လေကြောင့်ရမ်းနေတဲ့ ဆိုင်းဘုတ်လေး ငြိမ်အောင်စောင့်နေရင်း Tanikaze ဆိုင်ထဲဝင်သင့် မဝင်သင့် စဉ်းစားနေမိသည်!
တကယ်ဆို Tanikaze အဖို့ ဒီလို ညဥ့်နက်သန်းခေါင် အပြင်ထွက်လေ့ရှိသူမဟုတ်! ဒီလိုကော်ဖီဆိုင်မျိုး လာထိုင်ဖို့ဝေးစွ တခါတရံ အပေါင်းအသင်းနဲ့ Bar ဆိုင်တောင် သိပ်မထိုင်ဖြစ် !
အခုဟာက ဘယ်အရာက ဆွဲဆောင်တယ်မသိ ညဥ့်နက်သန်းခေါင်ဖွင့်တဲ့ ကော်ဖီဆိုင်ရှေ့ ရောက်လို့နေသည်! ဒီကိစ္စရဲ့ အဓိက တရားခံက လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း Misaki ........
သာမန်ထက်ကို သာမန်ကျနေတဲ့ နေ့ရက်တခုရဲ့ နေ့လည်မှာ ထမင်းစားရင်း သူငယ်ချင်းဖြစ်သူရဲ့ ဝေဖန်ချက်......
"Tanikaze ! မင်း သမရိုးကျ ခေါက်ရိုးကျိုးနေတဲ့ နေ့ရက်တွေထဲမှာ ရှင်သန်နေတာ မပျင်းဘူးလား?"
"မင်းက ဘာကိုကြည့်ပြီး ခေါက်ရိုးကျိုးနေတယ်တို့ မပျင်းဘူးလားလို့ သတ်မှတ်ရတာလည်း?"
"မြင်နေတာပဲလေ Tanikaze ရ... မင်းအနေနဲ့ အလုပ်အကိုင်လည်းအောင်မြင်တယ် ထူးချွန်တယ် ငွေကြေးလည်းပြည့်စုံတယ် အပူအပင်မရှိ....ရုံးတက်တယ် အိမ်ပြန်တယ် ဒီလိုပဲနေ့စဉ်လည်ပတ်နေတော့ ပျင်းစရာကြီး မဟုတ်"
"ငါက မပျင်းဘူးဆိုရင်ရော?"
"ဒါဆိုရင်တော့ မင်း လူမဟုတ်ဖူးထင်တယ်! အင်း ပြောမရဘူး အခု ခေါတ်မှာ နည်းပညာက အလွန်အမင်းတိုးတက်နေတော့ မင်းလည်း ဖန်တီးထားတဲ့ စက်ရုပ်တစ်ရုပ် မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး"
Misaki ရဲ့ ဟာသနှောတဲ့ အပြောင်အပျက်စကားကို Tanikaze မရယ်ဖြစ်ဖူး ! သူပြန်စဉ်းစားကြည့်တော့လည်း ဟုတ်သလိုလိုဖြစ်နေသည်! ဒါပေမယ့် ဒီလိုနေထိုင်ခြင်းဟာလည်း သူ့ကို ဘာအနှောက်အယှက်မှ မဖြစ်စေသည်ပဲ!
YOU ARE READING
Midnight Cafe
Fanfiction♣အနာဂတ်ကို ဖန်တီးယူခဲ့တာမဟုတ်ပါဘူး....ကြိုတွက်ချက်ကြည့်မိရုံပါ♣ ♠မသေချာတဲ့ အရာတွေ အကောင်အထည်ဖော်လို့မရတဲ့ အရာတွေ လက်တွေ့မဆန်တာတွေကို မယုံကြည်ဘူး! အကွက်ဆင် လှည့်စားတာမျိုး .....ကိုယ်မုန်းတယ်♠ The story between the wizard and...