Chapter 5

12.8K 1.4K 53
                                    

*ကျွီ ကျွီ*

ဆောင်းဦးရဲ့ ညလေအေးတိုက်ခတ်စဉ် ဆိုင်းဘုတ်သေးလေးဟာ တကျွီကျွီမြည်ပြီးလှုပ်ရမ်းနေတယ်!

Tanikaze ဆိုင်းဘုတ်လေးကို မော့ကြည့်ရင်း ဝတ်ထားတဲ့ အပေါ်ထပ်ကုတ်အကျီကို ဆွဲစိလိုက်သည်!

မလာတော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် ရောက်လာခဲ့မိတယ်!

ထွက်ပြေးတာ ကိုယ့်အကျင့်မဟုတ်ဖူး လို့ ကိုယ်ဟာကိုယ် ခေါင်းစဉ်တပ်ရင်းနဲ့လေ....

တံခါးလက်ကိုင်ကို တွန်းဖွင့်ဝင်လိုက်တဲ့အခါ ဆိုင်ရဲ့ အခင်းအကျင်းနဲ့ အငွေ့အသက်က ပထမလာခဲ့ဖူးသလို မပြောင်းလည်း !

"ဧည့်သည် ကျွန်တော် ကော်ဖီယူလာခဲ့ပေးပါ့မယ်"

အနားက ရုတ်တရက် ပေါ်လာတဲ့ တိုးလျလျလေသံကို သိပ်မအံ့သြမိတော့ပေမယ့် ဘာမှ မမေးမြန်းပဲ ကော်ဖီယူလာပေးမယ် ပြောရအောင် သိပ်ပိုင်စိုးပိုင်နင်းနိုင်နေသလို လို့ Tanikaze ထင်မိသည်!

ပထမတစ်ခေါက်က ထိုင်ခဲ့တဲ့ ထိုင်ခုံမှာပဲ ဝင်ထိုင်ပြီးကာမှ သူ့ဆိုင်မှာ ကော်ဖီတမျိုးတည်းရတာကြောင့် မမေးတော့တာလည်း ဖြစ်နိုင်ပါတယ်ဆိုပြီး စိတ်ဖြေမိသည်!

ဒါပေမယ့်......

ဘာလို့....ဘာလို့ဒီလိုတွေ အတွေးများပြီး ဖြေတွေးပေးနေတာလည်း?

ဒီအတွေးက Tanikaze ကို ချောက်နက်ထဲ ပြုတ်ကျသလို တုန်လှုပ်သွားစေမိသည်!

အရင်နဲ့ မတူစွာ အတွေးများလာတဲ့ ကိုယ့်ကိုကိုယ် တခြားလူတစ်ယောက်ကို မြင်နေရသလိုဖြစ်မိတယ်!

တဆက်တည်း အသားကျနေပြီးသား အကျင့်တွေကို အလွယ်တကူပြောင်းလည်းပစ်နိုင်လို့လား ဆိုတဲ့ အဖြေမထွက်တဲ့ ပုစ္ဆာတစ်ပုဒ်ကို ဆက်တွက်နေမိပြန်သည်! ဒီပုစ္ဆာတွေရဲ့ ရင်းမြစ်က ဒီကော်ဖီဆိုင်ပဲ ! အားလုံးထဲမှာ သေချာတဲ့ အဖြေတစ်ခုက ဒါပဲရှိသည်လေ!

"ဧည့်သည် ဒီတခါတော့ ထူးခြားတယ်"

ဘယ်အချိန်က ရှေ့မှာ ဝင်ထိုင်နေနှင့်ပြီမှန်း မသိတဲ့ မှော်ဆရာဟာ တိုးတိုးညင်သာစွာပြောတယ်!

Midnight CafeWo Geschichten leben. Entdecke jetzt