Chapter 17

10.9K 1.4K 171
                                    

"မင်း.....Shinya"

အဲ့ဒီ့အချိန်​က နာရီစက္ကန့်​တံဟာ ရပ်​တန့်​သွားပြီး ကမ္ဘာဟာ ​နောက်​ပြန်​လည်​သွားသလိုပဲ !

ခပ်​မှိန်​မှိန်​ မီး​ရောင်​နဲ့ ချိုအီအီရနံ့​မွှေးပျံတဲ့ ​ကော်​ဖီဆိုင်​ခန်း​လေးဟာ သုသာန်​ တစပြင်​လို ရုတ်​ချည်းတိတ်​ဆိတ်​သွားတယ်​ !

Tanikaze မျက်​ဝန်း စူးရှရှ​တွေ ....

အဲ့ဒီ့မျက်​ဝန်း​တွေဟာ Shinya ကို ​ဖောက်​ထွက်​မတပ်​စိုက်​ကြည့်​​နေတယ်​ !

သူစကား​တွေ အများကြီး​ပြောချင်​​နေသလိုပဲ ! ဒါ​ပေမယ့်​ သူ့အသံ​တွေ ​ပျောက်​ဆုံး​နေတယ်​ ! Tanikaze ဟာ သူ့​ရှေ့မှာ ရပ်​​နေတဲ့ ဝတ်​ရုံအနက်​​ရောင်​နဲ့ ​မှော်​ဆရာဟာ Shinya ပါဆိုတာကို ယုံဖို့ သူ့ကိုသူ ဖိအား​ပေး​နေရဟန်​တူသည်​ !

"အဟက်​~"

နောက်​ဆုံး​တော့ ရယ်​သံသဲ့သဲ့....

အဲ့ဒီ့ရယ်​သံဟာ Shinya အတွက်​ ​သေမိန့်​နဲ့ ဆင်​တူတယ်​ ! Shinya ရဲ့ ဒူး​တွေ​ကွေးညွှတ်​ချင်​လာတယ်​ ! ရင်​ထဲမှာ လူမသိသူမသိရှိခဲ့တဲ့ ​မျှော်​လင့်​ချက်​ ဖ​ယောင်းတိုင်​​လေး ဟုတ်​ခနဲ ငြိမ်းသွားသလိုပဲ !

"အဟက်​ဟက်​....ဟားဟားဟားဟား!!!!"

ညဉ့်​လယ်​က ရယ်​သံဟာ ​ခြောက်​ကပ်​လွန်းလှတယ်​ !

"ဟားဟားဟားဟား~"

Tanikaze ရဲ့ ရယ်​သံဟာ ​ခြောက်​ကပ်​ အက်​ကွဲ​လွန်းတယ်​ ! သူက လက်​ခုပ်​တ​ဖြောင်း​ဖြောင်းတီးရင်းနဲ့ အားပါးတရ ရယ်​​မော​နေသည်​ !

"အဟက်​ ~"

သို့​ပေမယ့်​ သူ့မျက်​ဝန်း​တွေ....

တခါမှ မမြင်​ဖူးခဲ့သလို အကြည့်​စူး​တွေနဲ့ ...

နာကျင်​​နေတဲ့ သားရဲတစ်​​ကောင်​ရဲ့အကြည့်​မျိုး ...

"သိပ်​ကို လှပတဲ့ ဇာတ်​လမ်း​လေးပဲ Shinya "

"........."

"မင်း သိပ်​ကို​တော်​ပါတယ်​ ! လှလှပပ သိုသိုဝှက်​ဝှက်​​လေးနဲ့ ကိုယ့်​ကို လှည့်​စားလိုက်​တာ ! Bravo~"

Midnight CafeDonde viven las historias. Descúbrelo ahora