Chapter 10

11.2K 1.3K 73
                                    

"ကိုယ်​ သူ့ရဲ့ အလုပ်​ပြီးတဲ့အခါ အားလပ်​ချိန်​အကုန်​လုံး​တောင်းထား​ပေမယ့်​ တကယ်​​တော့ ညပွဲ ရုပ်​ရှင်​ကြည့်​ပြီး ပြန်​ခွင့်​​ပေးလိုက်​တာပါ ! တကယ်​က ကိုယ်​သူ့ကို မနက်​ထိအနားမှာ ​ခေါ်ထားချင်​ခဲ့​ပေမယ့်​လို့​ပေါ့ "

" မ....မနက်​အထိ...?"

တချိန်​လုံး တိတ်​ဆိတ်​ ငြိမ်​သက်​စွာ Tanikaze ​ပြောသမျှ  နား​ထောင်​​နေခဲ့တဲ့ ​မှော်​ဆရာဆီက ပထမဆုံး အထိန့်​တလန့်​အသံ​သေး​သေး​လေး ထွက်​လာတယ်​ !

"Ho~ ဘာဖြစ်​လို့လည်း ? ချစ်​သူကို အနားမှာ တချိန်​လုံး ​ခေါ်ထားချင်​တာ အံ့သြစရာ​ကောင်းလို့လား? မင်း ချစ်​သူထားဖူးဘူးလား ​မှော်​ဆရာ​လေးရဲ့"

Tanikaze ရဲ့ ​လေသံဟာ မြူးကြွ​နေတယ်​ ! အ​မှောင်​ရိပ်​ကွယ်​က ​မှော်​ဆရာက​တော့ မနက်​ထိ ​ခေါ်ထားချင်​တယ်​ဆိုတဲ့ Tanikaze စကားရဲ့ အတိမ်​​အနက်​ကို ​တွေး​တော​နေ​သေးပုံရသည်​!

Tanikaze က​ လက်​ထဲက ​ကော်​ဖီကို တငုံခြင်းအရသာခံ​သောက်​ရင်း ည​နေက ချစ်​သူ​လေးနဲ့ အချိန်​​တွေကို အာရုံထဲ စားမြုံ့ပြန်​​နေပုံပဲ ! သူ့မျက်​နှာ ခပ်​တည်​တည်​က​တော့ အရင်​ကနဲ့မတူ ပြုံး​ယောင်​သန်း​နေသလိုလို !

"မနက်​ထိ အနားမှာ ​​ခေါ်ထားချင်​တာဆို​တော့...."

မှော်​ဆရာရဲ့ စကားသံတိုးတိုးက ​ရှေ့ဆက်​​မေးသင့်​ မ​မေးသင့်​ ချိန်​ဆ​နေသလိုပဲ ! စကားဟာ တို့လို့တန်းလန်းရပ်​တန့်​​နေတယ်​!

"မနက်​ထိ ​ခေါ်ထားချင်​တယ်​​လေ ! ညခင်း ရုပ်​ရှင်​ကြည့်​ အိမ်​ပြန်​လာတဲ့ အခါ သူ့အိမ်​ဖြစ်​တဲ့ ​ဘေးကပ်​လျှက်​အခန်းထဲ ဝင်​ခွင့်​မ​ပေးပဲ ကိုယ့်​အခန်းထဲ ​ခေါ်လာမယ်​ ! သူနဲ့ အတူ ဘီယာ​သောက်​ချင်​​သောက်​မယ်​ ! အင်း သူက​တော့ ဝိုင်​ချို​တွေ ပိုနှစ်​သက်​မှာပါ ! "

Tanikaze က နံ​ဘေးက နံရံဆီ​ငေးရင်း သူ့ရဲ့ စိတ်​ကူးကို​ပြောပြ​နေတယ်​ ! သူ့ရဲ့ စိတ်​ကူးဆို​ပေမယ့်​ အခုပဲ သူဟာ အဲ့ဒိ့ စိတ်​ကူးထဲ ​ပျော်​ဝင်​​နေသလိုပဲ ! သူ့မျက်​လုံး​တွေက နံရံကို မြင်​​နေချင်းမဟုတ်​ ဝိုင်​ချို​တွေ တခွက်​ပြီး တခွက်​ ​သောက်​​နေတဲ့ ရီ​ဝေ​ဝေ​ကောင်​​လေးတစ်​​ယောက်​ရဲ့ အပြုံးကိုမြင်​​ယောင်​​နေသလိုပင်​!

Midnight CafeWhere stories live. Discover now