Chapter 4

14K 1.5K 66
                                    

အလုပ်ရှိတဲ့ နေ့.....

တနေ့တာပုံမှန် စက်ရုပ်တရုပ်လို Tanikaze အိပ်ယာကထတယ်! ရေနွေးတစ်အိုးကျိုခဲ့ပြီး ရေချိုးခန်းဝင် ! ရေမိုးချိုးချင်း အမှုပြီးတော့ ကော်ဖီတစ်အိုးကျို ! အဲ့ဒီ့အချိန် ပေါင်မုန့်နှစ်ချပ်ကို မီးကင်ထား !

*ဟတ်ချိုး*

ဒီအချိန်ထိ ရေစက်လက် ဆံပင်တွေကို မသုတ်ရသေးပေ!

တဘတ်တခုနဲ့ ခေါင်းကို သုတ်နေတဲ့အချိန် ပေါင်မုန့်မီးကင်နှစ်ခုဟာ ခုန်ထွက်လာသည်!

မွေးပျံ့တဲ့ ကော်ဖီကို ငှဲ့ပြီး ပေါင်မုန့်တွေကို ထောပတ်သုတ်လိုက်တဲ့အခါ Tanikaze ရဲ့ မနက်စာက ပြီးပြည့်စုံပြီဖြစ်သည်!

အိမ်ရှေ့တံခါးကို ဖွင့်ပြီး နေ့စဉ်သတင်းစာကို ယူလိုက်တဲ့အချိန် ဘေးခန်းက ကောင်လေးက ပြာယာပြာယာနဲ့ ပြေးထွက်သွားတာ Tanikaze မြင်လိုက်ရတယ်!

"Shinya?"

Tanikaze တိုးတိုးရေရွတ်သံကို Shinya က ကြားပုံမရ သူ့ကိစ္စနဲ့ သူ အရေးကြီးနေပုံရသည်!

"အချိန်ပိုင်းအလုပ်ထင်တယ်"

Tanikaze တစ်ယောက်ထဲရေရွတ်ရင်း အခန်းထဲ ပြန်ဝင်လာခဲ့တယ်! တနေ့က Shinya ပြောပြခဲ့တဲ့ သူ့ရဲ့အိမ်မက်တွေ သူလိုချင်နေတဲ့ မှန်ပြောင်းအကြောင်း သူစိတ်ဝင်စားတဲ့ ကြယ်တာရာတွေ စတဲ့ အကြောင်းအရာတွေဟာ Tanikaze ခေါင်းထဲမှာ ပလုံစီနေတယ်!

ဖတ်နေတဲ့ သတင်းစာမှာ ဘာသတင်းတွေ ပါသွားမှန်း မသိဖြစ်လာတဲ့အခါ Tanikaze အတွေးတွေကို မနည်းရပ်ပစ်ရတယ်!

ကော်ဖီတငုံသောက်ရင်း ငါဘာလို့ ဒီကောင်လေးအကြောင်း တွေးနေမိပြန်လည်းဆိုတာကို အဖြေရှာမရ ဖြစ်ပြန်သည်!

ဒီလိုနဲ့ Tanikaze ရဲ့ ပုံစံတူ မနက်ခင်းဟာ စတင်ကွဲလွဲလာတယ်!

☕ Midnight Cafe ☕

"Tanikaze san ! ဒီမှာ ဒီတစ်ခေါက် project အတွက် စာရွက်စာတမ်းတွေ!"

"သြော် အင်း စားပွဲပေါ်တင်ထားခဲ့လိုက်ပါ"

စာရေးမလေးထွက်သွားတော့ Tanikaze စာရွက်ဖိုင်တွေကို ဆွဲယူစစ်ဆေးမိသည်!

Midnight CafeWhere stories live. Discover now