Chapter 14

10.5K 1.3K 110
                                    

ဖုန်းအရင်​​ခေါ်တာ ​ကောင်းမလား ဆိုတဲ့ အ​တွေး​ကြောင့်​ Shinya အခန်း​ရှေ့က လူ​ခေါ်​ခေါင်း​လောင်းကို နှိပ်​ခါနီး Tanikaze လက်​​တွေ တွန့်​ဆုတ်​သွားတယ်​ ! ဒါဆို သူ့ရဲ့ အံ့သြတဲ့ မျက်​နှာ​လေးကို မြင်​ရမှာ မဟုတ်​ဖူးလို့ ထပ်​​တွေးမိပြန်​​တော့ Tanikaze လူ​ခေါ်​ခေါင်း​လောင်းကိုသာ နှိပ်​လိုက်​​တော့သည်​ !

*တင်း ​တောင်​*

*တင်း ​တောင်​ * *တင်း ​တောင်​ *

အခန်း​လေးထဲက ဘာသံမှ မကြားရ တိတ်​ဆိတ်​လို့​နေတယ်​ ! သူအရမ်းများ အိပ်​​ပျော်​​နေသလားပဲ ! ခလုတ်​ကို ဆက်​နှိပ်​ဖို့ လက်​အလှမ်း.....

"Ta....Tanikaze san?"

နောက်​ကွယ်​က ကြားရတဲ့ တိုးလျှလျှ အံ့သြသံ​လေး....

"Shinya?"

အတန်းလိုက်​ရှိ​နေတဲ့ ကွန်​ဒိုခန်း​တွေရဲ့​ရှေ့ ​ လျှောက်​လှမ်းမှာ ညဉ့်​နက်​သန်း​ခေါင်​ချိန်​ လူသူရှင်း​နေတယ်​ ! ပင်​လယ်​ပြာ​လေးဟာ အခုမှ ဓာတ်​​လှေကားထဲက ထွက်​လာခဲ့ပုံနဲ့ သူ့​ရှေ့မှာ အ​ကြောင်​သား မတ်​တပ်​ရပ်​​နေတယ်​ ! လက်​ထဲမှာ စက္ကူလက်​ဆွဲအိတ်​ကြီး တလုံးဆွဲလို့ ....

"မင်း ဒီအချိန်​ကြီး ဘယ်​က ပြန်​လာတာလည်း?"

"ဟို...ဒါ...ဒါနဲ့ Tanikaze san က မနက်​ဖြန်​ည​နေမှ ​ရောက်​မှာ မဟုတ်​ဖူးလား?"

Shinya က ပြူးပြူးပြာပြာနဲ့ သူ့လက်​ထဲက စက္ကူအိတ်​ကို ​နောက်ကို​အသာကွယ်​လိုက်​ရင်း Tanikaze ကို ပြန်​​မေး​နေတယ်​ ! သူ့အိတ်​ထဲ Tanikaze လှမ်းမြင်​ရသမျှ အဝတ်​စ အနက်​​ရောင်​​တွေလိုပဲ !

"လာ .... အိမ်​ထဲဝင်​အုံး ! အိမ်​​ရှေ့မှာ မိုးတိုးမတ်​တပ်​နဲ့ ! ​ပေး အိတ်​​တွေ ကျွန်​​တော်​သယ်​​ပေးမယ်​ !"

Shinya က ပြာပြာ ပြာပြာနဲ့ Tanikaze လက်​ထဲက လက်​​ဆောင်​အိတ်​ကြီးကို ဆွဲယူပြီး အခန်းတံခါးဖွင့်​ကာ အိမ်​ထဲ ဝင်​သွားတယ်​ ! တခုခုကွယ်​ဝှက်​ထားဟန်​ Shinya ရဲ့အမူအရာ​တွေဟာ Tanikaze ရင်​ကို မီးနဲ့ မြှိုက်​​နေသလိုပဲ ! ရင်​ထဲမှာ စပ်​ဖျင်းဖျင်းနဲ့ !

Midnight CafeWhere stories live. Discover now