Hi mina san... ❤️Midnight Cafe စာအုပ်လေးအတွက် စာအုပ်အဖုံးလေးရပါပြီ ။ ဦးစွာ ပင်လယ်ပြာလေးအတွက် ပင်လယ်ပြာရောင်တွေအများကြီးရှိတဲ့ထဲက deep ဖြစ်မယ့် အရောင်မျိုးလေး ရွေးခဲ့ပါတယ် ။ ရှင်းယရဲ့ ပျော့ပြောင်းပေမယ့် ခိုင်မာတဲ့ စိတ်ဓာတ်ကို ရည်ညွှန်းချင်တာကြောင့် ဖျော့တဲ့ အရောင်ထက် ရင့်တဲ့အရောင်ကို ဦးစားပေးလိုက်ပါတယ် ။ ပင်လယ်ပြာရင့်ရင့်လေးပါ ။
နောက်ပြီး မှော်ဆန်ဆန် ဇာတ်လမ်းလေးဖြစ်တာကြောင့် ဇာတ်လမ်းအရသာလေးရအောင် Vintage Theme လေး သုံးထားပါတယ် ။ မှော်အငွေ့အသက်နဲ့ ရှေးဆန်တဲ့ အငွေ့အသက်တွေက ဒွန်တွဲနေတာကြောင့် Classic သဘောမျိုးလေး စိတ်ကူးထားခဲ့တာ ။ ကိုယ်တိုင်လည်း အဲဒီလိုစာအုပ်လေးတွေအရမ်းသဘောကျတယ် ။ ပုံပြင်စာအုပ်ကလေးတွေလိုလို မှော်စာအုပ်ကလေးလိုလိုပေါ့ ။ mina san လည်း သဘောကျမယ်လို့ မျှော်လင့်ပါတယ် ။
အဖုံးက ပုံလေးတွေကို ကြည့်ရင် ကော်ဖီဆိုင်လေးကို မြင်ရပါမယ် ။ မှော်ဆရာရဲ့ ဆိုင်လေးပါ ။ လမ်းလေးပေါ်က အဆောက်အဦးတွေကြားထဲက ဆိုင်လေး ။ မသိရင် ဖတ်ကနဲလည်း ကျော်သွားနိုင်ပါတယ် ။ နေ့ဘက်မှာ မှော်ပညာနဲ့ ပုန်းကွယ်နေပါတယ် ။ ဆိုင်လေးက ညမှ ဖွင့်လို့ အခုမြင်ရတာ ညအချိန်လေးပါ ။ ကောင်းကင်မှာ ကြယ်လေးတွေ မြင်ရပါမယ် ။ ညလေအေးကြောင့် လှုပ်ရမ်းသွားတဲ့ ဆိုင်းဘုတ်လေးလည်း မြင်ရပါမယ် ။ သာမန်ကော်ဖီဆိုင်လေးရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ အရာတွေကို အပေါ်က ကနုတ်နွယ်တွေထဲမှာ သိုဝှက်ထားပါတယ် ။ စုန်းဦးထုတ်လေးတွေ ၊ တစ်မျိုးတည်းသော menuဖြစ်တဲ့ ကော်ဖီခွက်ကလေးတွေ နဲ့ တဲရော့ကဒ်လေးတွေ ။
တကယ်လို့ စာအုပ်ရဲ့ ရှေ့အဖုံးက မှော်ဆရာကို ရည်ညွှန်းပေးခဲ့ရင် စာအုပ်နောက်အဖုံးက မှော်ဆရာရဲ့ နောက်ထပ် အသွင်တစ်ခုဖြစ်တဲ့ ပင်လယ်ပြာလေး ကို ရည်ညွှန်းပါလိမ့်မယ် ။ ပင်လယ်ပြာလေးနဲ့ မှော်ဆရာဟာ စာအုပ်တစ်အုပ်တည်းရဲ့ အဖုံးနှစ်ခုလို ကျောချင်းကပ်ထားတဲ့ အသွင်နှစ်ခုပါပဲ ။ ဒီအဓိပ္ပါယ်နဲ့ အတူ နောက်ကျောဖုံးလေးမှာ နက္ခတ္တဗေဒ ဒုတိယနှစ်ကျောင်းသား ပင်လယ်ပြာလေးကို ကိုယ်စားပြုတဲ့ ကြယ်အပြည့်ကောင်းကင်ရယ် သူချစ်တဲ့ တယ်လီစကုတ်ရယ် ရှိနေပါတယ် ။
စာအုပ်ဖုံးအတွက် လိုချင်တဲ့ စိတ်ကူးလေးတွေကို အလှဆုံး ပုံဖော်ပေးခဲ့တဲ့ Barvious Design House ကိုလည်း အထူးကျေးဇူးတင်ပါတယ် ။ လက်ထဲရောက်လာမယ့် နေ့လေးကို ရင်ခုန်နေပါပြီ ။ အားလုံးလည်း ပျော်ရွှင်မယ်လို့ မျှော်လင့်ပါတယ် ။ စာအုပ်နဲ့အတူ Gift လေးတွေလည်း ပြင်ဆင်ထားပါသေးတယ် ။ ရလာတဲ့အခါ လာပြပါဦးမယ် ။
သင်တို့ရဲ့ ရှင်းယ😻
YOU ARE READING
Midnight Cafe
Fanfiction♣အနာဂတ်ကို ဖန်တီးယူခဲ့တာမဟုတ်ပါဘူး....ကြိုတွက်ချက်ကြည့်မိရုံပါ♣ ♠မသေချာတဲ့ အရာတွေ အကောင်အထည်ဖော်လို့မရတဲ့ အရာတွေ လက်တွေ့မဆန်တာတွေကို မယုံကြည်ဘူး! အကွက်ဆင် လှည့်စားတာမျိုး .....ကိုယ်မုန်းတယ်♠ The story between the wizard and...