ဖေဖော်ဝါရီ အစပိုင်း ဆောင်းရဲ့ ညဥ့်လယ်က အေးစိမ့်ဆဲ ! ဆောင်းလေအေးဟာ ဆိုင်လေးအပြင်မှာ ဥဒဟို သွားလာနေတယ် ! ကော်ဖီဆိုင်လေးရဲ့ နောက်ဆုံး ဧည့်သည်ပြန်သွားပြီးချိန် မှော်ဆရာဟာ ဆိုင်ပိတ်ဖို့ စတင်နေသည် !
*ချွင် ချွင်*
ရုတ်တရက် ဆိုင်အဝင် တံခါးလေးဆီက door bell အသံ ...
မှော်ဆရာဟာ တအံ့တသြ မျက်ဝန်းတွေနဲ့ ဆိုင်ဝကို လှမ်းကြည့်လိုက်တယ် ...
ဒီနေ့အတွက် ဧည့်သည်ဟာ ကုန်သွားခဲ့ပြီမဟုတ်လား .... ?
ဒါပေမယ့် ဆိုင်အဝင်ဝမှာ မြင်ရတဲ့ ခပ်တည်တည်လူကြီးကြောင့် မှော်ဆရာ့မျက်နှာဟာ ဝင်းပသွားတယ် !
"Tanikaze san "
လူကြီးဟာ အိပ်ယာက ထလာခဲ့မှန်း သိသာတယ် ! သူ့ဆံပင်တချို့ဟာ ခပ်ရှုပ်ရှုပ်ရှိနေဆဲ ! မျက်လုံးကလည်း အိပ်ချင်ပြေသေးပုံမပေါ် ! ဒါနဲ့များတောင် မှော်ဆရာရဲ့ ဧကရာဇ်ဖြစ်တဲ့ လူကြီးဟာ ခန့်ညားနေဆဲပင် !
"ဘယ်လိုဖြစ်ပြီး ရောက်လာတာလည်း ? "
"ကိုယ် ရုတ်တရက်နိုးလာတော့ မင်းမှ ဘေးမှာ မရှိတော့တာ ! "
လူကြီးက သူ့ဆံပင်တွေကို တချက်ဖွရင်း မှုန်ကုတ်ကုတ်ပြောတယ် ! တကယ်ကလေးဆိုးကြီးလိုပဲ !
" ဟို ကျွန်တော်က အလုပ်ကလေး ရှိနေလို့ပါ ! အခုပဲ ပြန်လာတော့မလို့ ... ဒါနဲ့ ကော်ဖီသောက်မလား Tanikaze san ?"
မှော်ဆရာက ရယ်ကျဲကျဲ ရှက်ဝဲဝဲနဲ့ မေးတော့ လူကြီးက ခေါင်းငြိမ့်တယ် ! သူက ကော်ဖီဆိုင်လေးကို လာခဲ့တိုင်း ထိုင်နေကျ အခန်းထောင့်က ခုံလေးမှာ ဝင်ထိုင်နေနှင့်ပြီးပြီ !
" ကျွန်တော်က ပြန်လာမှာပဲကို Tanikaze san ! ဆောင်းတွင်းကြီး ချမ်းကချမ်းနဲ့ကို ဘာလို့လိုက်လာနေသေးလည်း ?"
မှော်ဆရာက ကော်ဖီတစ်ခွက်ကို စိတ်ရှည်လက်ရှည်ဖျော်ရင်း တိုးတိုးမေးတော့ လူကြီးရဲ့ မျက်မှောင်တွေ ကျုတ်သွားတယ် !
YOU ARE READING
Midnight Cafe
Fanfiction♣အနာဂတ်ကို ဖန်တီးယူခဲ့တာမဟုတ်ပါဘူး....ကြိုတွက်ချက်ကြည့်မိရုံပါ♣ ♠မသေချာတဲ့ အရာတွေ အကောင်အထည်ဖော်လို့မရတဲ့ အရာတွေ လက်တွေ့မဆန်တာတွေကို မယုံကြည်ဘူး! အကွက်ဆင် လှည့်စားတာမျိုး .....ကိုယ်မုန်းတယ်♠ The story between the wizard and...