Chapter 19 [ Final ]

19.6K 1.7K 355
                                    

အခန်းဝ ပြတင်း​ပေါက်​က​နေ ည​နေ​စောင်းကောင်းကင်​ဆီကို Shinya ​အ​ကြောင်းမဲ့ ငေး​မော​နေမိတယ်​ ! အပြာ​ရောင်​​ကောင်းကင်​မှာ တိမ်​ဖြူ​တွေ လွင့်​လို့ ...

တိမ်​​တွေဟာ နီးလာသလိုလိုနဲ့ ​ဝေးသွားကြပြီး ပုံသဏ္ဍန်​အမျိုးမျိုးနဲ့ မပြီးဆုံးနိုင်​တဲ့ မျက်​လှည့်​ပွဲတစ်​ခုပြ​နေသလိုပဲ !

[ ကိုယ်​မျက်​လှည့်​ကို​တော့ မုန်းတယ်​ ]

ရုတ်​တရက်​ နားထဲ ပြန်​ကြား​ယောင်​မိတဲ့ လူကြီးရဲ့ စကားသံ​​ကြောင့်​ Shinya ရင်​ထဲ စူးကနဲ နာကျင်​သွားတယ်​ !

မျက်​လှည့်​ကို မုန်းတယ်​တဲ့လား ....

ရည်​ရွယ်​ပြီးလှည့်​စားခဲ့တာမျိုး မဟုတ်​သည့်​တိုင်​ လူကြီးကို နာကျင်​ဖွယ်​ရာ အမှတ်​တရ​တွေ ​ပေးခဲ့မိတဲ့အတွက်​နဲ့တင်​ Shinya နှလုံးသားဟာ တတိတိ​ကြေကွဲ​နေဆဲပင်​ !

တိမ်​ဖြူဖြူ​တွေ ...

မျက်​စိ​ရှေ့ကတိမ်​ဖြူ​တွေဟာ တခဏအတွင်း လွင့်​ပါးသွားကြသလို ရစ်​မူးဖွယ်​အချစ်​တစ်​ခုဟာလည်း လွင့်​ပါးသွားခဲ့​ပြီးပြီ ထင်​သည်​ ...

ဒါ​ပေမယ့်​ ...

"ဟင့်​အင်း ... ကျွန်​​တော်​အချစ်​က​တော့ ထာဝရပါ Tanikaze san ~"

ဒီစကားဟာ သူ့နှုတ်​ဖျားက​နေ ထွက်​ကျသွားတဲ့အခါ ပြတင်းကိုဖြတ်​ပြီး ငှက်​အသွင်​ပျံသန်း၍ လူကြီးနားဆီ ​ရောက်​နိုင်​ရင်​​ကောင်းရဲ့လို့ Shinya ​စိတ်​ကူးမိတယ်​ !

ပြန်​လှည့်​မကြည့်​​တော့တဲ့ လူကြီးရဲ့ ​ကျောပြင်​ဟာ Shinya အတွက်​ ​နောက်​ဆုံး ပန်းချီကားတစ်​ချပ်​လိုပဲ ...

ဖြစ်​နိုင်​ရင်​ သူ အချိန်​​တွေကို အဲ့ဒီ့တဒင်္ကမှာ ရပ်​တန့့်​ထားခဲ့ချင်​မိတယ်​ ...

အဲ့ဒိ့အချိန်​ ...

လူကြီးရဲ့ ​ကျောပြင်​ကို မြင်​​နေရ​သေးတဲ့အချိန်​ ...

အဲ့ဒီ့ အချိန်​က​လေးကို Shinya ညတိုင်း အိမ်​မက်​မက်​​နေဆဲ ...

အိမ်​မက်​ကနိုးလာတိုင်း ​အိမ်​မက်​ထဲ​တောင်​ ​ကျောခိုင်းထားတဲ့ လူကြီးရဲ့ ​ကျောပြင်​​လေး ​​ပျောက်​ကွယ်​သွားမှာစိုးလို့ မျက်​လုံး​တွေ မဖွင့်​မိ​အောင်​ မှိတ်​ထားမိ​နေဆဲပင်​ ...

Midnight CafeWhere stories live. Discover now