"Osaka က ရုံးခွဲမှာ စစ်ဆေးစရာတချို့ရှိနေတယ် ! အဲ့ဒါ မင်းကို တာဝန်ပေးချင်တယ် Tanikaze san !"
"ဟုတ်ကဲ့ အဖွဲ့မှူး ကျွန်တော် အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပါ့မယ် !"
အဖွဲ့မှူးရုံးခန်းက ထွက်လာတဲ့ Tanikaze ခြေလှမ်းတွေ လေးလံနေသည် ! အလုပ်ဆို ဘယ်နေရာ ဘယ်ဒေသကို စေလွတ်စေလွတ် ဘာအကြောင်းကိစ္စပဲ ဖြစ်စေ အမြဲတက်ကြွနေတဲ့ Tanikaze အဖို့ အခု Osaka ကို နှစ်ညအိပ်သွားရမယ့်အရေး ပထမဦးဆုံးအကြိမ် နောက်ဆံတင်းနေမိသည် !
"နှစ်ညလောက် မင်းနဲ့ သုံးရာ ကိုးဆယ့် ခုနှစ်ကီလိုမီတာ အကွာမှာ အိပ်ရမဲ့အရေးက ဘာလို့ ကိုယ့်ကို ဒီလောက်ပင်ပန်းစေမှန်း ကိုယ် မတွေးတတ်အောင်ပဲ !"
Tanikaze ဓာတ်လှေကားထဲမှာ တယောက်ထဲ ရေရွတ်နေမိတယ် ! ဓာတ်လှေကားအခန်းထောင့်လေးကို အကြောင်းမဲ့ငေးရင်း တခါက ချိုမြမြနှုတ်ခမ်းလေးကို လွမ်းနေသည် !
*တီ*
"ဘုရားရေ !!!!!!!! နေအနောက်ဖက်က ထွက်မှာလား ကမ္ဘာပြောင်းပြန်လည်ပြီလား ? ဒါမှ မဟုတ်ငါ Hallucination ရနေပြီလား?"
ဓာတ်လှေကားတံခါးပွင့်လျှင်ပွင့်ချင်း Misaki ရဲ့ အသံပြဲက နားနဲ့ မဆံ့ ကိုးလိုးကန့်လန့်ဝင်လာတယ် ! ဓာတ်လှေကားထဲမှာ Tanikaze ကို မြင်လိုက်ရ၍ Misaki မျက်လုံးတွေက ခြာခြာလည်နေသလိုပင် !
"ဘာဖြစ်တာတုန်း ရူးသလိုပေါသလိုနဲ့ "
Tanikaze က Misaki ကို ခပ်ငေါက်ငေါက်အော်ထည့်ခဲ့ပြီး ခပ်တည်တည်ထွက်လာခဲ့တယ် ! Misaki ခင်မျာမှာတော့ ဓာတ်လှေကားထဲက ကျော့မော့စွာ အေးအေးဆေးဆေး ထွက်သွားတဲ့ Tanikaze ကိုကြည့်ရင်း ပါးစပ်က အာစေးမိသလိုဖြစ်နေတယ် ! ပြီးမှ အသိပြန်ဝင်လာသလိုနဲ့.....
"Tanikaze Tanikaze မင်း ဘယ်လိုဖြစ်သွားတာလည်း ? မင်း Tanikaze တော့ ဟုတ်ပါတယ်နော် ! မင်း သူ့ ကလုံးတော့ မဟုတ်ဖူး မဟုတ်လား?"
YOU ARE READING
Midnight Cafe
Fanfiction♣အနာဂတ်ကို ဖန်တီးယူခဲ့တာမဟုတ်ပါဘူး....ကြိုတွက်ချက်ကြည့်မိရုံပါ♣ ♠မသေချာတဲ့ အရာတွေ အကောင်အထည်ဖော်လို့မရတဲ့ အရာတွေ လက်တွေ့မဆန်တာတွေကို မယုံကြည်ဘူး! အကွက်ဆင် လှည့်စားတာမျိုး .....ကိုယ်မုန်းတယ်♠ The story between the wizard and...