Chapter 6

12.7K 1.4K 69
                                    

ခါးသက်သက် ဘီယာနံ့ရောတဲ့ ဝိုင်ချိုရသာ....

ဒါဟာ ဆောင်းတွင်းမှာ မက်တတ်တဲ့ ကယောက်ကယက် အိမ်မက်တစ်ခုလို့ ထင်ခဲ့မိပေမယ့် နှုတ်ခမ်းထက်မှာ မှတ်မိနေတဲ့ နူးညံ့မှုတစ်ခုက အိမ်မက်မဟုတ်ကြောင်း Tanikazeကို ထောက်ခံချက်ပေးနေသည်!

"ငါ...ဘာတွေလုပ်မိတာလည်း"

Tanikaze အိပ်ယာက မထသေးပဲ မျက်နှာကျက်ကို ကြောင်ငေးကြည့်ရင်း အသိစိတ်မကပ်သလိုရေရွတ်နေမိတယ်!

မျက်နှာကျက်မှာ ပေါ်လာတဲ့ အံ့သြနေပုံရတဲ့ ပင်လယ်ပြာ မျက်ဝန်းလေး...

Tanikaze ငေါက်ကနဲ ထထိုင်လိုက်သည်!

Psychiatrist နဲ့ ရက်ချိန်းယူရတော့မလားမသိ? မဖြစ်သင့်တာတွေ ထပ်မဖြစ်စေဖို့ အမြန်ဆုံး နှစ်သိမ့်ဆွေးနွေးရတော့မလား? အထီးကျန်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေမှန်း အခုမှပဲ သေချာသိတော့သည်!  ကယောက်ကယက်စိတ်တွေကို စုစည်းပြီး Tanikaze မိးဖိုချောင်ဆီလျှောက်လာကာ ကော်ဖီတအိုးကျိုတယ်!

လေထုထဲ ကော်ဖီနံ့သင်းပျံ့လာချိန် မီးရောင်ခပ်မှိန်မှိန် မွေးရနံ့တမျိုးသင်းတဲ့ ကော်ဖီဆိုင်ကို အမှတ်ရပြန်သည်!

// အပြောင်းအလဲ //

မှော်ဆရာပြောတဲ့ အပြောင်းအလဲဟာ ယခု စတင်နေပြီလား? သူ မနေ့က လုပ်မိတဲ့ ခပ်ရူးရူးကိစ္စဟာ အပြောင်းအလဲဆိုရင်တော့ အမြန်ဆုံးတားဆီးပစ်ရမယ့်ကိစ္စပဲ ဖြစ်သည်!

// မူလနဲ့ မတူတဲ့ အပြောင်းအလဲ ....//

// မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချဖို့လိုတယ်....//

ဟုတ်တာပေါ့ ! အခုလို ရူးမိုက်တဲ့ ကိစ္စကို အလျင်အမြန်ပဲ ရပ်တန့်လိုက်ရမှာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲလေ! ရူးမိုက်တဲ့ကိစ္စ ! အကောင်းအဆိုး မခွဲခြားနိုင်လောက်အောင် ယောကျာ်းလေးတစ်ယောက်ကို နမ်းမိတဲ့ ရူးမိုက်တဲ့ကိစ္စ !

သို့ပေမယ့် ....

ကော်ဖီအိုးပွက်သံ သေးသေးလေးကြားနေရတဲ့ မီးဖိုခန်းထဲမှာ ဘာရယ်မဟုတ် ပင်လယ်ပြာမျက်ဝန်းလေးကို မြင်ယောင်နေမိပြန်တယ်!

Midnight CafeWhere stories live. Discover now