"ကိုယ်နဲ့ နှစ်ယောက်ထဲ အေးဆေးတွေ့နိုင်မလား?"
ပင်လယ်ပြာ မျက်ဝန်းလေးဟာ ဝိုင်းစက်လို့သွားတယ် !
အဲ့ဒီ့တခဏ အချိန်အတွင်း ပတ်ဝန်းကျင်အသံတွေဟာ အားလုံးတိတ်ဆိတ်သွားပြီး ရင်ထဲက လှုပ်ခတ်သံတစ်ခုကသာ ကြီးစိုးနေသလိုပဲလို့ Tanikaze ထင်မိသည် !
// အပြောင်းအလဲ //
ဒါကို သူလက်ခံပြီး ရင်ဆိုင်လိုက်ချိန် ပင်လယ်ပြာ မျက်ဝန်းလေးရဲ့ အဖြေဟာ ဘာများဖြစ်မလည်း Tanikaze သိပ်သိချင်မိသည်!
"ဟို...."
နေရခက်နေဟန်နဲ့ Shinya ရဲ့ စကားသံတွေ ထစ်အနေတယ် !
" အာ... sorry ကိုယ် စိတ်လောသွားမိတယ် !"
လောကြီးသွားမိတဲ့ ကိုယ်ကိုကိုယ် Tanikaze ပြန်သတိထားမိပြီး ဆွဲထားခဲ့မိတဲ့ Shinya လက်ကလေးကို ပြန်လွှတ်ပေးလိုက်မိတယ် !
"Shinya kun !!!!!"
"ဗျာ.... လာပါပြီ !"
တကယ်တော့ သူတို့ရှိနေခဲ့တာ စားသောက်ဆိုင်တခုထဲမှာဖြစ်ပြီး အချိန်က နေ့လည်ခင်း လူကျတဲ့ အချိန်ဆိုတာ Tanikaze ပြန်သတိရလာခဲ့သည်!
Shinya က ခပ်မြန်မြန်ပဲ သူ့ကို နေရာတစ်ခု အချိန်တခုပြောပြီး ဆိုင်နောက်ကို အလောတကြီး ပြေးသွားလေရဲ့ !
ဆိုင်ထဲမှာ စားသောက်နေကြတဲ့ စားပွဲဝိုင်းတိုင်းဆီက ဇွန်းသံ ပန်းကန်သံ စကားပြောသံတွေဟာ အခုမှ ခလုတ်ဖွင့်လိုက်သလို Tanikaze နားထဲကို စုပြုံဝင်လာကြသည်!
ခဏနေ Tanikaze ကိုယ့်ကိုကိုယ် သတိထားမိချိန်မှာ Shinya ပြောတဲ့ ပန်းခြံဆီ သူရောက်နေခဲ့ပြီ ဖြစ်၏!
ချိန်းထားတဲ့ အချိန်ဟာ ညနေစောင်း ဖြစ်သော်လည်း စားသောက်ဆိုင်က ထွက်လာကတည်းက ပန်းခြံဆီ ခြေဦးလှည့်မိသည်အထိ Tanikaze စိတ်လောနေခဲ့တယ် !
ပန်းခြံရောက်တော့ သူမြင်ရတဲ့ ပတ်ဝန်းကျင်အလှအပတွေက သူကို ခဏတော့ စိတ်လောမှုတွေဆီက လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ် ! ကန်ရေပြင်ကို ဖြတ်တိုက်လာတဲ့ လေပြေဟာ အေးမြမှုကို ပေးစွမ်းသလို ပင်လုံးကျွတ်ပွင့်နေတဲ့ ပန်းပင်တချို့ကလည်း ရင်ထဲ တမျိုးတမည် ငြိမ်းချမ်းစေသည်!
YOU ARE READING
Midnight Cafe
Fanfiction♣အနာဂတ်ကို ဖန်တီးယူခဲ့တာမဟုတ်ပါဘူး....ကြိုတွက်ချက်ကြည့်မိရုံပါ♣ ♠မသေချာတဲ့ အရာတွေ အကောင်အထည်ဖော်လို့မရတဲ့ အရာတွေ လက်တွေ့မဆန်တာတွေကို မယုံကြည်ဘူး! အကွက်ဆင် လှည့်စားတာမျိုး .....ကိုယ်မုန်းတယ်♠ The story between the wizard and...