Chapter 12

12.4K 1.4K 144
                                    

"မင်းရဲ့ ​မှော်​ပညာကို ဘယ်​က​နေသင်​ခဲ့တာလည်း?"

"အဘွားဆီကပါ "

"မိရိုးဖလာဆို​တော့ မင်းတို့ မိသားစုအားလုံး ​မှော်​အတတ်​ တတ်​ကြတယ်​​ပေါ့?"

"အင်း....အဲ့သလို​တော့ မဟုတ်​ဖူး ! သူက ဝမ်းတွင်းပါတဲ့သူမှ တတ်​တာ !"

"ဝမ်းတွင်းပါတဲ့သူ?"

"အင်း ဆိုလိုတာက အထုံ​ပေါ့ ! ကျွန်​​တော့်မှာ ညီ​​လေးရှိတယ် ! ​သူဆို  ဘယ်​လိုမှသင်​လို့မရဘူး ! ကျွန်​​တော်​တို့ တူညီတဲ့ အချက်​​တွေ အများကြီးရှိ​ပေမယ့်​လို့ သူက ငှက်​​မွှေး​လေးတစ်​ခုကို​တောင်​ ​လေထဲ ​မြောက်​​အောင်​မလုပ်​နိုင်​ဘူး​လေ ! ​နောက်​ဆုံး​တော့ သူကြယ်​​တွေကိုပဲ စိတ်​ဝင်​စား​....."

"ဘယ်​လို? အရာဝတ္ထု​တွေကို ​လေထဲ​မြောက်​​အောင်​ မင်းလုပ်​နိုင်​တယ်​​ပေါ့ !"

Tanikazeက အ​လောတကြီး​မေး​တော့ ​မှော်​ဆရာ ​ပြောစလက်​စ စကား​တောင်​ လန့်​ပြီး တန့်​သွားတယ်​ ! ပြီးမှ သက်​ပြင်းတိုးတိုးချပြီး ဆက်​​ပြောတယ်​ !

"ဒါ ​မှော်​ပညာရဲ့ အ​ခြေခံ ​လေ့ကျင့်​ခန်း​တွေပါပဲ "

ဘယ်​က​နေ ဘယ်​လို အ​ခြေအ​နေ​​တွေ ဘယ်​အချိန်​ကစ ​ပြောင်းလည်းသွားခဲ့တာလည်း မသိ​ပေမယ့်​ အခုအချိန်​မှာ ​မှော်​ဆရာ​လေးက အင်​တာဗျူး​ဖြေ​နေရတယ်​ ! Tanikaze ဆီမှာ သိချင်​တဲ့ ​မေးခွန်း​တွေ ​တောင်​လိုရာလိုပုံလို့ ! သူ့ရဲ့ ပြဿနာ​တွေ ဘာ​တွေ အတွက်​ဆိုတာမျိုး မဟုတ်​​ပဲ မှော်​ဆရာ​လေးအ​ကြောင်းကို သူသိပ်​စိတ်​ဝင်​စားမိသလိုပဲ !

မေးစရာ ​မေးခွန်း​တွေ ၊ ​ဖြေရှင်းဖို့လိုအပ်​​နေတဲ့ အခက်​အခဲ​တွေ မရှိခဲ့ပဲ ဒီ Midnight Cafe ကို ​ကော်​ဖီ​သောက်​ရန်​ အတွက်​သာ Tanikaze လာ​ရောက်​​နေခဲ့တာ အခါအား​လျှော်​စွာပင်​ဖြစ်​သည်​ !

ဖြစ်​နိုင်​ရင်​ တစ်​ပတ်​ တစ်​​ခေါက်​​လောက်​က​တော့ Midnight Cafe ဆီ Tanikaze ​ရောက်​ဖြစ်​တယ်​ ! သူ့အတွက်​​တော့ ​မှော်​ဆရာဟာ ကမ္ဘာတစ်​ဖက်​ဆီက မိတ်​​ဆွေတစ်​​ယောက်​လိုပဲ !

Midnight CafeWhere stories live. Discover now