Chapter 7

12.5K 1.5K 106
                                    

Tanikaze ဖတ်လက်စ စာအုပ်ကို ပိတ်ပြီး စားပွဲပေါ်ပစ်တင်လိုက်သည်! စားပွဲပေါ်ကျသွားတဲ့ စာအုပ်အရှိန်ကြောင့် ခပ်လှမ်းလှမ်းမှာတင်ထားတဲ့ စာရွက်ကလေး လေဟပ်လို့ စားပွဲအောက် လွင့်ကျသွားတယ်!

အနက်​​ရောင်​​အောက်​ခံ​ပေါ်က အနီ​ရောင်​ ဆိုင်းဘုတ်​​လေးမှာ ​ရေးထားတဲ့ အဖြူ​ရောင်​စာလုံး​တွေ.....

Midnight Cafe

ကိုယ် ကိုယ်တိုင်တောင်မသေချာတဲ့ စိတ်ရဲ့ ဟိုးအနက်ရှိုင်းဆုံး အတွင်းထဲက မှော်ဆရာနဲ့ တွေ့ချင်မှုကို တုန့်ပြန်ကာ ဆိုင်ကိုလာဖို့ အခွင့်ပေးတဲ့ ကြော်ငြာစာရွက်လေးကို Taniakaze ဆီ အရောက်ပို့နိုင်တဲ့ မှော်ဆရာရဲ့ သစ္စာရှိမှု စေ့စပ်သေချာမှုက Tanikaze ကို အံ့သြစေတယ်!

ဒီစာရွက် အမှတ်မထင် Tanikaze ဆီရောက်နေခဲ့တာ အခုဆို တစ်ပတ်တင်းတင်းပြည့်ပြီ ! Tanikaze စာရွက်ကို မသိကျိုးကျွန်ပြုကာ မေ့ထားပြီး ကော်ဖီဆိုင်ဖက် ခြေဦးမလှည့်တာလည်း တစ်ပတ်တိတိ! ပင်လယ်ပြာ မျက်ဝန်းလေးကို မတွေ့မိအောင် ရှောင်နေတာလည်း တစ်ပတ်တိတိ!

အရာအားလုံး အနည်ထိုင်ကာ ပြီးစီးသွားပြီဟု မျှော်လင့်ခဲ့သော်လည်း ......

အခုထိ တစ်ပတ်အစထဲက ဖတ်နေတဲ့ စာအုပ်ဟာ စာမျက်နှာ ၂၀ ပင် မပြည့်တတ်သေး! တနေ့ တနေ့ စာအုပ်ကို ကောက်ကိုင်လိုက် မေ့ချင်သည့်အကြောင်းအရာများ ခေါင်းထဲ တန်းစီဝင်လာလိုက် စာအုပ်ကို အတင်းဇွတ်မှိတ်ဖတ်လိုက် အာရုံမရလိုက် နောက်ဆုံး စာအုပ်ကို ပြန်ချထားလိုက်နှင့် လုံးချာလည်လိုက်နေခဲ့သည်!

မေ့ပစ်မည် ဆုံးဖြတ်သည်! ပိုလို့တောင် အမှတ်ရနေပြီး ခါးသက်သက်ဘီယာနံ့ရောတဲ့ ဝိုင်ချိုရသာဟာ အာရုံထဲ ပိုပြီပြင်လာသလိုပင် ! ညအိပ်ချိန်တွေ မျက်လုံးမှိတ်လိုက်တိုင်း ပြာလဲ့လဲ့ မျက်ဝန်းလေးက တဝဲလည်လည်! နံရံ အထူကြီး ခြားနေတာတောင် သူ့အသက်ရှုသံကို ကြားသယောင်ယောင် ဖြစ်နေတဲ့အတွက် Tanikaze အိမ်ပြောင်းရမလား ခပ်ကြောင်ကြောင်တွေးမိနေတယ်!

Tanikaze စားပွဲဘေးကျနေတဲ့ စာရွက်လေးကို ကောက်ကိုင်လိုက်တယ်! စက္ကန့်အနည်းငယ်တော့ စာရွက်ကို ငေးကြည့်နေမိသည်!

Midnight CafeWhere stories live. Discover now