Chapter 11

11.4K 1.4K 134
                                    

*တင်း ​တောင်​*

အိမ်​​ရှေ့တံခါးဆီက လူ​ခေါ်​ခေါင်း​လောင်းသံကြား​တော့ Tanikaze ဧည့်​ခန်းအလည်​မှာ ​ထောင်​ထားတဲ့ Telescope ကို အဝတ်​နဲ့ အမြန်​အုပ်​ခဲ့ပြီး တံခါးသွားဖွင့်​လိုက်​တယ်​ !

အခန်းဝမှာ မြင်​ရတာ ​မောဟိုက်​​နေရှာတဲ့ ပင်​လယ်​ပြာ​လေး ! သူက Tanikaze ကို စကား​ပြောဖို့ မတတ်​နိုင်​​သေးပဲ လက်​တစ်​ဖက်​သာ​ထောင်​ပြနိုင်​ရှာတယ်​ !

"ဘယ်​က​နေ ​ပြေးလာလို့ ဒီ​လောက်​​မော​နေတာလည်း Shinya ! "

"ဘူ....ဘူတာရုံက​နေ...."

"လာ အိမ်​ထဲဝင်​ ! ဘာလို့အရမ်း​ပြေးလာရတာလည်း"

"Tanikaze san အကြာကြီး​စောင့်​​နေရမှာစိုးလို့! အ​ရေးထဲ စာအုပ်​ဆိုင်​မှာ ​နောက်​ပိုင်းဝင်​မယ့်​သူ့က ​နောက်​ကျ​နေလို့ ​စောင့်​​ပေး​နေရ​သေးတယ်​ "

Shinya က စူပွစူပွ​ပြော​နေတယ်​ !

ဒီ​ကောင်​​လေး အလုပ်​ချိန်​ပြီးတာနဲ့ ဒီကိုအ​ပြေးလာချင်​​နေခဲ့ပုံ​လေးကို Tanikaze မြင်​​ယောင်​ကြည့်​မိတယ်​ !

"Ah~"

Tanikaze အသည်းယားစွာ ပင်​လယ်​ပြာ​လေးရဲ့ ပါး​ဖောင်း​ဖောင်းတစ်​ဖက်​ကို လိမ်​ဆွဲလိုက်​မိသည်​!

"Tanikaze san !"

"အဟက်​~ ဒါ​နေ့လည်​က မင်း မက်​​ဆေ့ပြန်​တာ ​နောက်​ကျတဲ့ အတွက်​ "

ပင်​လယ်​ပြာ​လေးက ပါးကို ပွတ်​ရင်း ခပ်​စူစူ​လေးလုပ်​​နေပြန်​တယ်​ ! Tanikaze သူ့ကို ဆက်​ရစ်​ချင်​လာမိသည်​!

" ​ပြော မင်း​နေ့လည်​က ဘာလို့ ချက်​ချင်းမက်​​ဆေ့မပြန်​တာလည်း?"

"ဟို....စာ...ဆရာစာသင်​​နေတာနဲ့....ah~"

Tanikaze က Shinya နှာ​ခေါင်းကို ထပ်​လိမ်​ဆွဲလိုက်​ပြန်​သည်​ !

"မလိမ်​နဲ့ ! ကိုယ်​က လိမ်​ညာတာနဲ့ ဟန်​​ဆောင်​တာကို အမုန်းဆုံးပဲ "

Tanikaze မျက်​လုံး​တွေး​မှေးကျဉ်းသွားတယ်​ ! သူ့​ရှေ့မှာ Shinya တစ်​​ယောက်​ အ​နေရကျပ်​လာသည်​!

"တ...တကယ်​က သူငယ်​ချင်းက ဖုန်းကို လုသွားပြီး စ​နေတာနဲ့ ...."

Midnight CafeWhere stories live. Discover now