Chapter 18

11K 1.4K 162
                                    

"Tanikaze san ဒါက ရုံးချုပ်​ကို ပို့ရမယ့်​ အစီရင်​ခံစာပါ ဖတ်​​ကြည့်​​ပေးပါအုံး !"

"အင်း ဟုတ်​ပြီ ထားခဲ့လိုက်​ပါ ကျွန်​​တော်​ကြည့်​လိုက်​ပါ့မယ်​ !"

"ဟို...ဒါနဲ့​လေ...."

Mizuno က စာရွက်​စာတမ်း​တွေ စားပွဲ​ပေါ်တင်​ပြီးသည်​အထိ ထွက်​မသွား​သေးပဲ ဆက်​ရပ်​​နေတယ်​ ! သူမအ​နေနဲ့ ​ပြောစရာတခုခုရှိ​နေသလိုပဲ !

"အင်း ဘာကိစ္စရှိ​သေးလို့လည်း? Mizuno san"

Tanikaze က ကွန်​ပျူတာစခရင်​က​နေ အကြည့်​ခွာပြီး​မေး​တော့မှ Mizuno က စကားဆက်​တယ်​ !

" ဒီလို​လေ... ပ​ရောဂျက်​ကလည်း ပြီးသ​လောက်​ရှိ​နေပြီ ဆို​တော့... လက်​စသတ်​စရာ​တွေကလည်း ​ရှေ့အပတ်​ထဲမှ လုပ်​ရ​တော့မှာဆို​တော့​လေ ဒီပိတ်​ရက်​က​လေး Tokyo ခဏပြန်​ချင်​တာနဲ့ ...."

" ​သြော်​ ရပါတယ်​ဗျာ ပြန်​ပါ ! weekends က နားရက်​ပဲကို ရပါတယ်​ !"

Mizuno က ​ပျော်​သွားပုံနဲ့....

"ဒါနဲ့ Tanikaze san ​ရော မပြန်​ဖူးလား ? ဒီည  Shinkansen လက်​မှတ်​ဖြတ်​ထားပြီးပြီနဲ့ တူတယ်​ ဟိဟိ"

Mizuno က ခိကနဲရယ်​ရင်း ​ပြော​တော့ Tanikaze ရင်​ထဲ ​လေးလံသွားတယ်​ !

အတင်းအကြပ်​​မေ့ထားခဲ့​သော အမှတ်​တရတချို့...

ညဉ့်​နက်​သန်း​ခေါင်​ တက်​ကြွစွာ ပြန်​ခဲ့ဖူးတဲ့ Osakaမှ အပြန်​ခရီးတခု ...

တစ်​ရက်​​တောင်​ မခွဲချင်​ခဲ့တဲ့ ခံစားချက်​​တွေ...

ဒါ​တွေက အခု​တော့ နာကျင်​ဖွယ်​ရာ အတိပြီးတဲ့ အတိတ်​သက်​သက်​သာဖြစ်​​လေသည်​ !

"အဟက်​ ... ကျွန်​​တော်​မပြန်​ပါဘူးဗျာ ! ပ​ရောဂျက်​ပြီးမှပဲ..."

"အယ်​ ... တကယ်​? ဘာလည်း ဧကန်​န လွမ်းစရာ​လေးက အခုTokyo မှာရှိမ​နေဘူးထင်​တယ်​ ! နှစ်​ပတ်​​တိတိ Osaka မှာ တဖဝါးမှ မခွာခဲ့တာဆို​တော့ !"

Mizuno က မျက်​လုံးဝိုင်း​လေးနဲ့ အံ့သြသလို​ရေရွတ်​ရင်း သူ့အ​တွေးနဲ့သူ ​ကောက်​ချက်​ချ​နေပြန်​တာ​ကြောင့်​ Tanikaze ရင်​ထဲ ပိုတင်းကြပ်​လာတယ်​ !

Midnight CafeTempat cerita menjadi hidup. Temukan sekarang