Chapter 9

12.2K 1.4K 114
                                    

Tanikaze ထူးဆန်း​နေတယ်​ .....

ဒါ Misaki ခံစားမိ​နေတဲ့ ကိစ္စရပ်​ကြီးတစ်​ခုပဲ !Misaki သာ ခံစားမိတဲ့ ၊ Misaki တစ်​​ယောက်​သာ ခံစားမိတဲ့ ကိစ္စကြီး ! ရုံးမှာ လုပ်​​ဖော်​ကိုင်​ဖက်​​တွေ အထက်​အရာရှိ​တွေ ဌာနမှူး​တွေ အားလုံး အားလုံးက သာမန်​ပဲလို့ ထင်​ကြ​ပေမယ့်​ ဒီထူးခြားမှုကို Misaki က​တော့သိတယ်​ !

Tanikaze အကြီးကြီးကို ထူးခြား​နေသည်​!

ပထမ ...

အရင်​ဆို ရုံးဆင်းချိန်​ ဘာညာ Tanikase ဂရုမစိုက်​တတ်​ ! လုပ်​လက်​စအလုပ်​မပြီးရင်​ ရုံးမဆင်း ! အခု​တော့ ရုံး​စောဆင်းတာ​တွေ ဘာ​တွေ လုပ်​လာတယ်​ !

နောက်​ ​နေ့လည်​စာ စားချိန်​ ...

အရင်​ဆို ရုံးကန်​တင်း မှာပဲ စား​လေ့ရှိတယ်​! များ​သောအားဖြင့်​ အလွယ်​စားစရာ​တွေ ၊ ရယ်​ဒီမိတ်​ ထမင်းဘူး ​တွေ ဝယ်​ပြီး စားတတ်​သူ ! အခု​တော့ ရုံးအနီးနား​ပေမယ့်​ တလမ်း​ကျော်​​လောက်​မှာ ရှိတဲ့  စား​သောက်​ဆိုင်​သို့ ချီတက်​သွား​လေ့ရှိသည်​! သူတခါ ​ပြောဖူးတဲ့ ဆိုင်​ ... အမဲသားနှပ်​​ကောင်းသည်​ဆိုသည့်​ဆိုင်​ ! သူအညွှန်း​ကောင်း​ကောင်းညွှန်းခဲ့​ပေမယ့်​ အခုထိ လိုက်​​ကျွေးဖို့ တခါမှ စကားမစပ်​ ! ထိုဆိုင်​ကို လိုက်​မည်​​ပြောမိတိုင်း ​ဝေ့လည်​​ကြောင်​ပတ်​နဲ့ စကားလွှဲ​လေ့ရှိသည်​!

ဒီအ​ဖြေ​တွေကို ဒီ​နေ့​တော့ အားလုံးကို ​ဖော်​ထုတ်​ရမည်​ဟု Misaki တိတ်​တဆိတ်​ သံန္နိဌာန်​ချထားတယ်​!

"Misaki!"

"ဟမ်​?"

Misaki ဘယ်​အချိန်​ထဲက Tanikaze ကို စူးစိုက်​ကြည့်​​နေမိသည်​မသိ Tanikaze က မျက်​​မှောင်​ကုတ်​ကာ ရှုသိုးသိုးနဲ့ ကြည့်​​နေ​တော့မှ အသိပြန်​ဝင်​လာတယ်​!

"ငါ့မျက်​နှာမှာ စာ​ပေါ်​နေလို့လား Misaki ! မင်းလုပ်​ရမယ့်​ အလုပ်​​တွေက မင်း​ရှေ့က ကွန်​ပြူတာမှာ မဟုတ်​ပဲ ငါ့မျက်​နှာ​ပေါ်များ လာ​ပေါ်​နေသလား?"

"အဟက်​ ! အင်း မင်းမျက်​နှာမှာ စာ​ပေါ်​နေတာ​တော့ ဟုတ်​တယ်​ Tanikaze ! ငါ့အလုပ်​စာ​တော့မဟုတ်​ဖူး နဖူးစာ !"

Midnight CafeWhere stories live. Discover now