Part 1

47.7K 2.2K 62
                                    

မိုးပေါက်ပွင့်တို့ဖျောက်ဖျောက်ကျသော မနက်ခင်းမှာ New York မြို့ရဲ့ အနက်ရောင်ထီးတွေ ကျိုးတိုးကျဲတဲ ပျံ့နှံ့ နေသော မီးခိုးရောင်ဆန်ဆန် လမ်းမကျယ်တွေက မျက်ဝန်းထဲ ခါတိုင်းလို ရိုးရှင်းစွာ ဝင်ရောက်လာသည်။

မနေ့က အချိန်ပိုင်းအလုပ်က ပြန်လာတာ မိုးချုပ်သွားတာမို့ မနက်နိုးနိုးချင်း ရေမိုးချိုးပြီး မြန်မြန် ထွက်လာလိုက် တာ ကားမှတ်တိုင်ရောက်ခါမှ ဗိုက်ထဲက တဂွီဂွီမြည်လာသည်။ ဘတ်စ်ကားမှတ်တိုင်မှာ ရပ်နေရင်း မိုးငွေ့ဖျန်းတဲ့ ပတ်ဝန်းကျင်ကို ကြည့်တော့ လွမ်းအေးအေး ထိုင်း ထိုင်းမှိုင်းမှိုင်း..။ ဘတ်စ်ကားမှတ်တိုင် ဘယ်ဘက်ထောင့်က အအေးထည့်ထားသော vending machine ကို တွေ့တော့ အရည်တစ်ခုခုဖြစ်ဖြစ်သောက်ဖို့ လျှောက်သွားလိုက် သည်။

မှတ်တိုင်က ဘတ်စ်ကားနံပါတ်နဲ့အချိန်ဇယားပြ Board ကို လှမ်းကြည့်တော့ ကားလာဖို့ (၂) မိနစ်တိတိလိုသေး တာကြောင့်စိတ်ချလက်ချ အအေးဘူးတွေကို ရွေးနေလိုက်သည်။

Coffee, Cola, Pepsi....

ပိုက်ဆံထည့်လိုက်ပြီး Pepsi တစ်ဘူးကို ရွေးယူလိုက်ပီးတာနှင့် ကားက တန်းလာတာမို့ တက်လိုက်သည်။ မိနစ် (၃၀) ကြာစီးရတဲ့ကားမို့ ကျွန်တော့်ထုံးစံအတိုင်း ပြတင်းပေါက်ဘက် ခြမ်းကို ထိုင်လိုက်ကာ မှန်ကို ခပ်စောင်း စောင်း ထိမှီပြီး မျက်လုံးမှိတ်မယ်ပြင်ခိုက်...

နားထဲသို့ ကျယ်လောင်စွာ တိုးဝင်လာသော ဖုန်း Ringtone သံကြောင့် ကြည့်လိုက်တော့ Hyung....

အမြဲတမ်း သူ့တာဝန်တွေနှင့် အလုပ်များနေလေ့ရှိပြီး ကျွန်တော့်ဆီကို တစ်လတစ်ခါပင် ဖုန်းဆက်လေ့ ဆက်ထ မရှိသော Hyung က ဆက်လာတာမို့ကိုယ်ကို ခပ်မတ်မတ်ပြင်ထိုင် လိုက်ပြီး ဖုန်းကို ကိုင်လိုက်သည်။

'Hyunee နေကောင်းလား?'

ကိုင်ကိုင်ချင်း တန်းကြားရသော Hyung အသံအေးအေးကို နားထောင်ရင်း အနည်းငယ် မျက်ရည်ဝဲမိသည်။ ကျွန်တော်တို့ချင်း မတွေ့ရတာ ဘယ်လောက်ကြာပြီလဲ?

'ကောင်းတယ် Hyung ရော နေကောင်းရဲ့လား? ကျွန်တော့်ကို ဖုန်းမဆက်တာ ဘယ်လောက်တောင် ကြာပြီလဲ?'

Opposite ParallelWhere stories live. Discover now