(1)

6.1K 188 8
                                    

ပူပြင်း​သော​နွေ​​နေ့တစ်​​နေ့....,

ဒီ​နေ့မှ ရာသီဥတုက တစ်​ခြား​နေ့​တွေထက်​ပိုပူသလို ငုသဒ္ဓါကို ခံစားမိ​စေတယ်​။ March လရဲ့ ​နွေ​နေ့အပူက တစ်​ကိုယ်​လုံးကို မီးထ​တောက်​မတတ်​ပဲ။ ဖွင့်​ထားတဲ့ ပန်​ကာကလည်း လည်​ရလွန်းလို့ အ​ငွေ့​တောင်​ထွက်​ချင်​​နေပြီ။ ပူကျစ်​လာ​သည့်​ ပန်ကာစက်​ကို ပိတ်​ကာအနား​ပေးလိုက်​ရင်း ပလပ်​စတစ်​ယပ်​​တောင်​ကိုသာ လက်​​မောင်းပြုတ်​ထွက်​မတတ်​ ခပ်​​နေလိုက်​တယ်​။

"ရူး​တော့မှာပဲ... ဘာလို့ဒီ​လောက်​​တောင်​ပူ​နေရတာလဲ...ဟူးးး.."

သက်​ပြင်းပူပူတစ်​ချက်​ကိုမှုတ်​ထုတ်​လိုက်​ချိန်​မှာပဲ ​ချွေးတို့က နဖူးပြင်​က​နေ စီးကျသွား​လေတယ်​။ ဒီလိုအချိန်​​လေးမှာ air-com ​လေးဖွင့်​ပြီး အိပ်​ရာ​လေး​ပေါ်မှာ ဇိမ်​ယစ်​​နေရရင်​ ဘယ်​​လောက်​​ကောင်းမလဲလို့ ငုသဒ္ဓါ​တွေးမိတယ်​။ ဒါ​ပေမယ့်​ လူများပြီး ၀င်​​ငွေနဲ့ ထွက်​​ငွေ မျှတ​အောင်​သုံး​နေရတဲ့ သူမတို့လိုလူလတ်​တန်းစား​တွေက air-com ကို ဘယ်​လိုလုပ်​တပ်​ဆင်​နိုင်​မှာတဲ့လဲ။ မီတာစရိတ်​ကလည်း ကြီးပါဘိနဲ့။

ဂွီ~~~

အလိုက်​မသိစွာပင်​ အချက်​ပြ​နေသည့်​ ဗိုက်​ကိုကြည့်​ရင်း သူမ သက်​ပြင်းသာထပ်​ချလိုက်​မိ​လေတယ်​။ ​မေ​မေက အလုပ်​မသွားခင်​ မနက်​အ​စောကြီးထပြီး ထမင်းဟင်းချက်​ခဲ့​ပေမယ့်​ ငါးဟင်းဖြစ်​​နေတာရယ်​​ကြောင့်​ ငါးမစားသည့်​ သူမအတွက်​ စားစရာမရှိ။ ဖွား​မေက ကြက်​ဥ​လေး​ကြော်​ကာ ထမင်းစားဖို့​ပြော​ပေမယ့်​ ​မေ​မေအလုပ်​တတ်​​နေရသည့်​ငါးရက်​လုံး အလွယ်​တကူချက်​သွားသည့်​ငါးဟင်း​ကြောင့်​ တစ်​ပတ်​လုံးကြက်​ဥ​ကြော်​နှင့်​သာ ညား​နေသည်​မို့ ငုသဒ္ဓါ မစားချင်​။ ဟုတ်​တယ်​​လေ...မနက်​ကြက်​ဥ ညကြက်​ဥနဲ့ ကြာရင်​လူလည်း ကြက်​ရုပ်​​ပေါက်​ အဲ့​လေ ကြက်​ဥရုပ်​​ပေါက်​​တော့မယ်။

ဂွီ~~~ ဒုတိယအကြိမ်​ထပ်​မည်​လာတဲ့ ဗိုက်​ဆန္ဒပြသံ​ကြောင့်​ ​ဘေးနားမှာရှိတဲ့ ​ရေးဘူးကိုဆွဲယူကာ တစ်​ဂွပ်​ဂွပ်​​သောက်​ချပလိုက်​သည်​။ ​ရေ​အ​တော်​များများဝင်​သွားမှ သက်​သာသလိုဖြစ်​သွားသည်​မို့ ခဏအ​ညောင်းအညာ​ဖြေ​ဖျောက်​ရန်​ အိပ်​ရာထက်​လှဲချလိုက်​သည်​။ လက်​က​တော့ မပြီး​သေးသည့်​ ယပ်​​တောင်​ဇာတ်​လမ်းကို ဆက်​ကရင်း​ပေါ့။ သူမအ​တွေးတို့က တစ်​ခုထပ်​တိုးလာ​လေပြီ။ air-com တပ်​ထားတဲ့ VVIP အခန်းထဲမှာ ကြယ်​ငါးပွင့်​အဆင့်​မှီ စားဖိုမှူး​တွေချက်​​ပေးတဲ့ သိပ်​သိပ်​အရသာရှိလှသည့်​ Hotel စာ အစားအ​သောက်​မျိုးစုံကို စားရရင်​ ဘယ်​​လောက်​များ​ကောင်းလိမ့်​မလဲတဲ့​လေ။

🌹🌻Boys Over Flowers🌺🌷(Myanmar)Where stories live. Discover now