ပူပြင်းသောနွေနေ့တစ်နေ့....,
ဒီနေ့မှ ရာသီဥတုက တစ်ခြားနေ့တွေထက်ပိုပူသလို ငုသဒ္ဓါကို ခံစားမိစေတယ်။ March လရဲ့ နွေနေ့အပူက တစ်ကိုယ်လုံးကို မီးထတောက်မတတ်ပဲ။ ဖွင့်ထားတဲ့ ပန်ကာကလည်း လည်ရလွန်းလို့ အငွေ့တောင်ထွက်ချင်နေပြီ။ ပူကျစ်လာသည့် ပန်ကာစက်ကို ပိတ်ကာအနားပေးလိုက်ရင်း ပလပ်စတစ်ယပ်တောင်ကိုသာ လက်မောင်းပြုတ်ထွက်မတတ် ခပ်နေလိုက်တယ်။
"ရူးတော့မှာပဲ... ဘာလို့ဒီလောက်တောင်ပူနေရတာလဲ...ဟူးးး.."
သက်ပြင်းပူပူတစ်ချက်ကိုမှုတ်ထုတ်လိုက်ချိန်မှာပဲ ချွေးတို့က နဖူးပြင်ကနေ စီးကျသွားလေတယ်။ ဒီလိုအချိန်လေးမှာ air-com လေးဖွင့်ပြီး အိပ်ရာလေးပေါ်မှာ ဇိမ်ယစ်နေရရင် ဘယ်လောက်ကောင်းမလဲလို့ ငုသဒ္ဓါတွေးမိတယ်။ ဒါပေမယ့် လူများပြီး ၀င်ငွေနဲ့ ထွက်ငွေ မျှတအောင်သုံးနေရတဲ့ သူမတို့လိုလူလတ်တန်းစားတွေက air-com ကို ဘယ်လိုလုပ်တပ်ဆင်နိုင်မှာတဲ့လဲ။ မီတာစရိတ်ကလည်း ကြီးပါဘိနဲ့။
ဂွီ~~~
အလိုက်မသိစွာပင် အချက်ပြနေသည့် ဗိုက်ကိုကြည့်ရင်း သူမ သက်ပြင်းသာထပ်ချလိုက်မိလေတယ်။ မေမေက အလုပ်မသွားခင် မနက်အစောကြီးထပြီး ထမင်းဟင်းချက်ခဲ့ပေမယ့် ငါးဟင်းဖြစ်နေတာရယ်ကြောင့် ငါးမစားသည့် သူမအတွက် စားစရာမရှိ။ ဖွားမေက ကြက်ဥလေးကြော်ကာ ထမင်းစားဖို့ပြောပေမယ့် မေမေအလုပ်တတ်နေရသည့်ငါးရက်လုံး အလွယ်တကူချက်သွားသည့်ငါးဟင်းကြောင့် တစ်ပတ်လုံးကြက်ဥကြော်နှင့်သာ ညားနေသည်မို့ ငုသဒ္ဓါ မစားချင်။ ဟုတ်တယ်လေ...မနက်ကြက်ဥ ညကြက်ဥနဲ့ ကြာရင်လူလည်း ကြက်ရုပ်ပေါက် အဲ့လေ ကြက်ဥရုပ်ပေါက်တော့မယ်။
ဂွီ~~~ ဒုတိယအကြိမ်ထပ်မည်လာတဲ့ ဗိုက်ဆန္ဒပြသံကြောင့် ဘေးနားမှာရှိတဲ့ ရေးဘူးကိုဆွဲယူကာ တစ်ဂွပ်ဂွပ်သောက်ချပလိုက်သည်။ ရေအတော်များများဝင်သွားမှ သက်သာသလိုဖြစ်သွားသည်မို့ ခဏအညောင်းအညာဖြေဖျောက်ရန် အိပ်ရာထက်လှဲချလိုက်သည်။ လက်ကတော့ မပြီးသေးသည့် ယပ်တောင်ဇာတ်လမ်းကို ဆက်ကရင်းပေါ့။ သူမအတွေးတို့က တစ်ခုထပ်တိုးလာလေပြီ။ air-com တပ်ထားတဲ့ VVIP အခန်းထဲမှာ ကြယ်ငါးပွင့်အဆင့်မှီ စားဖိုမှူးတွေချက်ပေးတဲ့ သိပ်သိပ်အရသာရှိလှသည့် Hotel စာ အစားအသောက်မျိုးစုံကို စားရရင် ဘယ်လောက်များကောင်းလိမ့်မလဲတဲ့လေ။
YOU ARE READING
🌹🌻Boys Over Flowers🌺🌷(Myanmar)
Fiksi RemajaBoys over Flowers(F-4) is in Myanmar now.....