(10)

1.3K 92 11
                                    

ကောင်းကင် အညိုရောင် coaktail ခွက်ကို ကိုင်ကာ အာဆွတ်ရုံအနည်းငယ်သောက်ချလိုက်တော့ ခါးသက်မလိုနဲ့ ချိုမြိန်တဲ့အရသာဟာ လည်ချောင်းတစ်လျှောက်စီးဝင်သွားသည်။

Back Velvet... ဝိုင်ဖြူလို့ခေါ်တွင်တဲ့ ရှန်ပိန်နဲ့အတူ Beer အနည်ငယ်ရောယှက်ထားတဲ့ coaktail...။ Beer အနံ့မထွက်ဘဲ မတူတဲ့မွေးရနံ့တစ်မျိုးဟာ စိတ်ကျနပ်စရာပဲ။ ကောင်းကင် အာရုံတွေကို Dancing Floor ဆီတစ်ဖန်ပြန်ပို့လိုက်တယ်။ DJ bar ဆီကနေ Electro နဲ့ rhythm ကို ရောမွှေထားတဲ့ မြူးမြူးကြွကြွ DJ သံဟာ ဒီ Paris Club တစ်ခုလုံး မကျချင်တဲ့သူမရှိအောင် ဆွဲဆောင်ထားသလို။ Dancing Floor မှာရှိတဲ့သူတွေကလည်း ရောင်စုံ Slight မီးရောင်တွေကြား beat တွေကို အချက်ကျကျဖမ်းက နေကြသည်လေ။

နောက်တစ်ကြိမ် Black Velvet ကို ခွက်လိုက်မော့ချလိုက်ရင်း... နားထဲဝင်လာသည့် DJ သံစဉ်အလိုက် ခန္ဓာကိုယ်ကို အလုပ်ပေးလိုက်သည်။

"အာ... ဒါဟာ တကယ့်လောကနိဗ္ဗာန်ပဲ"
~~~~~~~~~~

"ဒါဘယ်သွားမလို့လဲ"

အထုတ်တွေကိုသယ်ကာ လင်းလက်အခန်းထဲကနေယိုင်တိုင်တိုင်ဖြင့် ထွက်လာသည့် ငုသဒ္ဓါကို ရဲရင့်မေးလိုက်သည်။

"ပြန်တော့မယ်။ အရာရာ အတွက်ကျေးဇူးတင်ပါတယ်"

ပြောသာပြောနေတာ ပုံစံကမဟုတ်။ ဖြူဖတ်ဖြူလျှော်မျက်နှာက အခုထိ သွေးရောင်မရှိသေး။ အခုထိ လမ်းတောင် မတ်မတ်မလျှောက်နိုင်သေးတာကို သူ့ရဲ့စာအုပ်ထုတ်ပေါင်းမြောက်မြားစွာမနိုင်မနင်း ဆွဲလာသေးသည်။ ရဲရင့် ဘာမှထပ်ပြောမနေတော့ပဲ သူမလက်ထဲက အထုတ်တွေကို ဝင်ယူပြီး လင်းလက်အခန်းထဲပြန်သယ်သွားလိုက်သည်။

"ဟမ်...ဘာ လာလုပ်တာလဲ။ ပြန်ပေး... ပြန်ပေးဆို"

နောက်ကနေ ကျွတ်စိ ကျွတ်စိအော်ရင်း အခန်းထဲလိုက်ဝင်လာသော သူမ။ ဒီလောက် သတိလစ်လောက်အောင်နေမကောင်းဖြစ်နေတာတောင် အော်ကျယ်အော်ကျယ်လုပ်နိုင်သေးတယ်လို့ ရဲရင့်တွေးမိပြီး ပြုံးလိုက်မိသည်။

"အခုမှ ၇နာရီစွန်းစွန်းပဲရှိသေးတယ်။ နေကလည်းကောင်းသေးတာမဟုတ်ဘူး။ အပြင်မှာလည်းမိုးမစဲသေးဘူး။ ဒီည ဒီမှာပဲနေလိုက်"

🌹🌻Boys Over Flowers🌺🌷(Myanmar)Where stories live. Discover now