(8)

1.4K 106 11
                                    

June...
ကျောင်းတွေလည်းဖွင့်ပြီမို့ ငုသဒ္ဓါလို ဆရာမတွေ အလုပ်ရှုပ်တဲ့အချိန်ပေါ့။ ငုသဒ္ဓါရဲ့ Uni လည်းဖွင့်ပြီလေ။ ငုသဒ္ဓါမှာ အခုလက်ရှိတတ်နေတဲ့ Uni ကတစ်မျိုး၊ စာသင်နေတဲ့ ကိုယ်ပိုင်ကျောင်းတွေနဲ့ အိမ်ဝိုင်းတွေကတစ်မျိုး၊ ပြီးတော့ မပြီးပြတ်သေးတဲ့ သင်တန်းတွေကတစ်မျိုး နဲ့ တစ်ရက်တာမှာ ၂၄ နာရီရှိတာတောင် သူမအတွက်က မလောက်ချင်။

တစ်နေ့ကို ၆ နာရီသာသာပဲအိပ်ချိန်ရှိသည့်အပြင် တစ်နေရာနဲ့တစ်နေရာကို နာရီဝက်နှင့်လည်း အရောက်ပြေးရသေးပြန်သည်။ အစားအသောက်လည်း အချိန်နဲ့တိတိကျကျစားဖို့နေနေသာသာ လမ်းသွားရင်းနဲ့သာ ဖြစ်သလိုစားရသည်။ ၀ိတ်​​တောင်​ကျသွားသလိုတောင် ခံစားရသည်။ မနှစ်က Guide ပေါက်စမို့ စာသင်ရတဲ့ကျောင်းသား သိပ်မရှိတာကြောင့် အဲ့လောက်မပင်ပန်းခဲ့။ ၁၀ တန်းပြီးထားရုံဖြစ်တာကြောင့် လုပ်စရာမရှိ အားယားနေတာလည်းပါသည်။ ကံကောင်းတယ်ပဲပြောရမလား ငုသဒ္ဓါရဲ့ ကျောင်းသား/သူတွေ အားလုံးက ထူးထူးချွန်ချွန်ဖြစ်ကုန်ကြသည်လေ။ အခုတော့ ငုသဒ္ဓါက ကိုယ်ပိုင်ကျောင်းတွေမှာတောင် သင်နေရတဲ့ ဆရာမဖြစ်နေပြီ။ အိမ်ဝိုင်းတွေပင် ၃ ဝိုင်းတောင်ရှိနေပြီမလား။

"ဟပ်ချိုး...!!!"

ချေလိုက်သည်နှင့်တစ်ပြိုင်နက် တစ်ရှူးရှူးထွက်ကျလာသည့်ဘနှာရည်တွေကို အသင့်ကိုင်ထားတဲ့ tissue နဲ့သုတ်ပစ်လိုက်သည်။ မနေ့က အပြန်မိုးမိထားသည်မို့ လူက ဖျားချင်သလိုလိုဖြစ်နေသည်လေ။ သို့ပေမယ့် နားမှမနားနိုင်တာ ဘယ်လိုလုပ်ရမလဲ။ သူများပိုက်ဆံယူထားတာမို့ အလုပ်ပျက်လို့ မဖြစ်လေ။

"လမ်းနီ...!! လမ်းနီ...ပါလား"

"ပါတယ်...ပါတယ်"

စပယ်ယာအော်သံကြောင့် ပစ္စည်းတွေကိုင်ဆွဲကာ ဆင်းဖို့အဆင်သင့်ပြင်ရသည်။ ထိုင်ရာက ရုတ်တရက်အထမှာ ခေါင်းက မိုက်ခနဲ...။ လက်တန်းကိုမှီကာ ခဏငြိမ်နေလိုက်ရသည်လေ။ စိတ်ကြောင့်သာမာန်တင်းနေရတာ လူက တကယ့်ကို အားမရှိဘဲ နွမ်းနေပါပြီ။

ကားပေါ်ကဆင်းလိုက်တဲ့အထိ လူက အမူးမပြေသေး ခေါင်းကရီဝေဝေဖြစ်နေတုန်းပင်။ မှတ်တိုင်ခုံမှာ ခဏထိုင်ပြီး ရေသောက်ကာ အမူးပြေအောင်နားရသည်။ နောက်ကျောတည့်တည့်က Myanmar Plaza ကြီးကလည်း ဟီးလို့ရယ်။ စာသင်တဲ့ အိမ်က Myanmar Plaza ဘေးနားက လမ်းမှာရှိတာမို့ ဒီကိုခဏခဏ ရောက်ဖြစ်ပေမယ့် Myanmar Plaza ကိုတော့ ငုသဒ္ဓါယောင်လို့တောင်မဝင်ဖြစ်။ အချိန်မရှိလို့ ဆိုတာထက် MP က တစ်ခြား Center တွေ Market တွေထက် ဈေးပိုကောင်းသည်ဆိုသောကြောင့်။

🌹🌻Boys Over Flowers🌺🌷(Myanmar)Where stories live. Discover now