(7)

1.2K 136 13
                                    

ဖုန်း screen ပေါ်မှ ရိတ်ခနဲ ရိတ်ခနဲ မကြာခဏဆိုသလို တွေ့ရတဲ့ အရိပ်ရယ်ကြောင့် ကောင်းကင် အာရုံက Game ဆီမရောက်တော့။ စိတ်ရှုတ်စွာ ကျွတ်ခနဲ တစ်ချက် စုတ်သတ်လိုက်ရင်း... Game ကို pause လုပ်လိုက်သည်။

"ဂျာကြီး... မျက်စိတွေကိုနောက်နေတာပဲ။ ငြိမ်ငြိမ်လေးလည်းနေပါဦးလားဗျာ"

ကောင်းကင်ပြောလိုက်မိတာ မှားသွားပြီထင်... အခုမှ အားကိုးတွေ့သလိုမျိုး ဂျာကြီးက သူ့ဆီပြေးလာလေတော့...။

"ကောင်းကင်ရေ... မင်းနဲ့ တွဲရိုက်မယ့် Model က အခုထိရောက်မလာသေးဘူးကွ။ ဘယ်လိုလုပ်ကြမလဲ"

ကေင်းကင် အကျင့်အတိုင်း အဲ့တော့ ဆိုသည့်သဘောနှင့် မျက်ခုံးတစ်ဖက် ပင့်လိုက်ကာ နာရီကို ကြည့်လိုက်သည်။ 1 နာရီတောင်ကျော်သွားပြီပဲ။ ၁၂ ခွဲတည်းက ရိုက်ကွင်းစမယ့် ကိစ္စကို နာရီဝက်တောင်ကျော်နေပြီလေ။

"agency အသစ်​ကမှတ်​လား အဲ့ model က"

"ဟုတ်​တယ်​ Hlaing ဆိုလားပဲ။ အချိန်​ကိုမ​လေးစားဘူး...။ အဲ့လိုအသစ်​​တွေက ​ပြောရဆိုရ​တော်​​တော်​ခက်​တာ"

"အပြင်​​လေးဘာ​လေးထွက်​ကြည့်​လိုက်​ပါလားဂျာကြီး။ ​နေရာ​ပျောက်​​နေလို့လည်းဖြစ်​ချင်​ဖြစ်​မှာ​ပေါ့"

"ဒီ​လောက်​ရိုက်​ကွင်းရှိမှန်းအသိသာကြီးကို ​ပျောက်​စရာလားကွာ။ ​အေး...​အေး ငါသွားကြည့်​လိုက်​မယ်​"

ဘယ်​​လောက်​ပဲအသစ်​ဖြစ်​ဖြစ်​ နာရီဝက်​​ကျော်​​လောက်​ကြီး​တော့ ​နောက်​ကျမ​နေသင့်​ဘူးထင်​သည်​။ ​ကောင်းကင်​တို့ debut လုပ်​တဲ့ အသစ်​ဘ၀တုန်းက ​နောက်​ကျဖို့မ​ပြောနှင့်​ ​တော်​​တော့်ကိုကြိုးစားခဲ့ရတာ။ ​ရောက်​လာရင်​​တော့ senior ပီသစွာ နည်းနည်း​တော့ ပါဝါပြဦးမှပါ​လေ...။ ဒါမှ အလုပ်ကို တန်ဖိုးထားတတ်မှာ။

အပြင်ထွက် ကြည့်သည့် ဂျာကြီး ချက်ချင်းဆိုသလို ပြန်ရောက်လာတော့ ကောင်းကင် လှမ်းကြည့်မိသည်။

"ရောက်လာပြီ... ဒီမှာ အရှေ့မှာရောက်နေတာကို ဝင်မလာပဲနဲ့ ထိုင်နေလို့ ငါသွားခေါ်လာတာ"

🌹🌻Boys Over Flowers🌺🌷(Myanmar)Where stories live. Discover now