ကျယ်ဝန်းလှသော ကုန်တိုက်ကြီးတစ်ခုအထဲ ရောက်ရှိနေသည့် ငုသဒ္ဓါ အတတ်နိုင်ဆုံးခြေလှမ်းတွေကိုမြန်လိုက်သည်။ လမ်းသိပ်မလျှောက်ရသေးပေမယ့် ဆက်တိုက်ဆိုသလိုလှမ်းလျှောက်ရသည်မို့ ညောင်းချင်သလိုလိုဖြစ်နေပြီလေ။
"သေနာ...လောရှည်...ငနီကောင် သူ့ခြေလှမ်းကြီးတွေနဲ့တောင် မနည်းလိုက်နေရတာကို ခြေထောက်စက်တပ်ထားသလိုလျှောက်နေရသလား"
စိတ်ပေါက်ပေါက်နှင့်ပင် ငုသဒ္ဓါကျိန်ဆဲလိုက်သည်။ ငုသဒ္ဓါရှေ့မှ ကျားလိုက်သလိုလျှောက်နေတာ ငနီကောင်။ လူများတဲ့နေရာကိုလာပြီး လူမှတ်မိမှာစိုးလို့တဲ့ လျှာထိုးဦထုတ်အမည်းရောင်ကို ငိုက်စိုက်ကြီးစောင်းပြီး သွားနေတာ။ ၆ပေကျော်လောက်မယ့် သူ့အရပ်ကြီးနဲ့ သူ့ခြေတံကြီးတွေရဲ့သာမန်တစ်လှမ်းစာက ငုသဒ္ဓါသုံးလှမ်းစာလောက်ရှိနေတာကို လူကိုမစောင့်ဘဲနဲ့ ရှေ့ကစွတ်ဆက်ရှောက်နေတော့ 5' 4" ပဲရှိတဲ့ ငုသဒ္ဓါရဲ့ ခြေလှမ်းပိစီလေးတွေက ဘယ်လိုလုပ်လိုက်နိုင်မှာတဲ့လဲ...။
ရဲရင့်ရှေ့ကနေလျှောက်နေရင်း စွာကျယ်ကျယ်အသံကို မကြားရတာမို့ နောက်လှည့်ကြည့်လိုက်မိတော့ ၅မီတာအကွာလောက်မှာ စူပုတ်ပုတ်ဖြစ်နေတဲ့ငုသဒ္ဓါကို တွေ့လိုက်ရသည်။
"အဲ့ဒါလမ်းလျှောက်နေတာလား ရပ်နေတာလား...ကျစ် ဒီကောင်မလေးကတော့"
ရဲရင့်စိတ်မရှည်စွာပင်နောက်ပြန်လှည့်ပြီး သူမလက်ကိုဆွဲကိုင်လိုက်သည်။ နို့...ဒီလိုမှမခေါ်ရင် ဒီနေ့ရောက်ဖို့လှမ်းမမြင်လေ။
ရုတ်တရက်ကြီး အရှေ့မှာရှိနေရာက အနားကိုဝုန်းခနဲရောက်လာပြီး ပိုက်စိုးပိုင်နင်းလက်ကို လာဆွဲတဲ့ ရဲရင့်ကြောင့် ငုသဒ္ဓါလန့်သွားမိသည်။ ပြီးတော့ သူမဟုတ်သလို ရှေ့က ဆက်ကော့ဆက်ကော့လျှောက်နေတာ။ ခြေလှမ်းအကြီးကြီးတွေက မြန်သည့်အပြင် လက်ကိုပါကျစ်ကျစ်ပါအောင်ဆွဲထားတော့ ငုသဒ္ဓါခင်မျာ နောက်ဘက်မှာ တိုင်တွေပတ်ပြီး မပြေးရုံတစ်မယ် ခုန်ဆွခုန်ဆွနှင့်ပါလာရသည်လေ။ အခုအချိန် ပြေးခုန်ပစ်ဝင်ပြိုင်ရင်တောင် ပထမရနိုင်လောက်တယ်။
YOU ARE READING
🌹🌻Boys Over Flowers🌺🌷(Myanmar)
Teen FictionBoys over Flowers(F-4) is in Myanmar now.....