(2)

2.3K 118 9
                                    

တင်းတောင်…တင်းတောင်…တင်းတောင်…

နာရီထံမှထွက်ပေါ်လာသံကြောင့် ကြည့်လိုက်တော့ ၃နာရီထိုးလေပြီ။ သင်လက်စ စာကိုလက်စသတ်ပြီး ကလေးတွေကိုကြည့်လိုက်တော့ သူမမပြောခင်မှာတင် လွယ်အိတ်တွေက အဆင်သင့်ဖြစ်နေလေပြီ။ အော်…ငုသဒ္ဓါတပည့်ပီသပါပေတယ်။ အိမ်စာပေးစရာရှိတာပေးရင်း အတန်းဆင်းဖို့ပြောလိုက်တော့ ဟေးခနဲအော်ကာ ပြေးဆင်းသွားလိုက်သည်များ မြင်းဇောင်းထဲက မြင်းတွေလွတ်လိုက်သလို။ ငုသဒ္ဓါရယ်မိသည်လေ။ သူမတို့ ဒီလိုအရွယ်ကလေးဘဝတုန်းကလည်း ဒီလိုပဲမလား။

ကလေးတွေကုန်မှ သူမလည်း သိမ်းစရာရှိတာသိမ်းပြီး ထွက်လာခဲ့သည်။ March လ ကျောင်းပိတ်ချိန်မို့ ငုသဒ္ဓါလို Guide ဆရာမတွေအတွက် ကျူရှင်တွေမရှိသော်လည်း အပြင်သင်တန်းအဖြစ် Four Skill ထားချင်သည့် မိဘအချို့ရယ်ကြောင့် ငုသဒ္ဓါ ဝိုင်းတစ်ဝိုင်းမှာ Four Skill ဆရာမအဖြစ် အလုပ်ရသည်။ ဘာပဲပြောပြော နွေရာသီမို့ အလုပ်မရှိဖြစ်နေမည့်အစား အနည်းအကျင်းပဲဖြစ်ဖြစ် ဝင်ငွေရှိတာပေါ့လေ။ ကလေးတွေ အိမ်က လှည်းတန်းCenter နှင့် နီးတာမို့ အခုအပြန် လှည်းတန်း Center ဝင်ဖို့ ဆုံးဖြတ်လိုက်သည်။ Skin care အချို့ကုန်နေပြီမို့လေ။

လှည်းတန်း Center အပေါက်ဝမှ များလိုက်သည့် လူတွေကြောင့် ငုသဒ္ဓါ နောက်တွန့်သွားမိသည်။ အတိအကျပြောရင် မိန်းကလေးတွေ… တစ်ချို့က အရုပ်တွေပိုက်လို့ရယ်…။ နည်းနည်းလေးတိုးဖယ်ကာ အထဲဝင်လိုက်တော့ အပေါက်ဝမှာတင် ကြက်သေ သေသွားမိသည်လေ… Omo များလိုက်တဲ့လူတွေ အပြင်မှာရှိတာထက် နှစ်ဆ…ဟင့်အင်း သုံးလေး ငါးဆ လောက်ကိုရှိတာ။

"အစ်မ…အစ်မ ဘာလို့ ဒီနေ့လူတွေများနေတာလဲဟင် ပိတ်ရက်လည်းမဟုတ်ဘဲနဲ့"

"ဟင်…ညီမမသိဘူးလား။ ဒီနေ့ A.N.JELL အဖွဲ့ရဲ့ Album လက်မှတ်ထိုးပွဲလေ…။ ခဏနေသူတို့ထွက်လာတော့မှာ။ Oh!!! ငါ့ရဲ့ လင်းလက်လေး… အားးးးး"

နားနားကပ်ပြီးအော်လိုက်သံရယ်ကြောင့် နားထဲက လေတွေပင် ထွက်ချင်သလိုဖြစ်သွားရသည်။ သြော်…Album လက်မှတ်ထိုးပွဲတဲ့လား။ အဆိုတော်တွေပါမှာဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့။ ဒါနဲ့ ကြားရက်ကြီးကို အလုပ်များမလုပ်ကြဘူးလား… ဒါလည်း ငါ့အလုပ်မဟုတ်ပါဘူးလေ။

🌹🌻Boys Over Flowers🌺🌷(Myanmar)Where stories live. Discover now