(13)

815 84 22
                                    

26. 8. 2017
A.N.JELL Aisa Tour in Myanmar...!!! (Twins)

Asia Tour ရဲ့ first day က မြန်မာတွင်စသည်။ အမျိုးသားကဇာတ်ရုံရဲ့ ပထမထပ်ရော ဒုတိယထပ်ပါမကျန် wings လေးတွေနဲ့ ပြည့်နေသည်။ A.N.JELL ရဲ့ fandom colour ဖြစ်သည့် glod... ရွှေရောင် light stick တွေပါမကျန် poster တွေ Baner တွေနှင့် အပြိုင်အဆိုင်ကို အားပေးနေကြသည်လေ။

A.N.JELL နားနေခန်း...(make-up and dress up room) ထဲမှာတော့ မီးခိုးရောင် အုတ်မုတ်ခွက်ကေခပ်အုပ်အုပ်နှင့်ကောင်းကင်တစ်ယောက် ရိုးရာမပျက် game ဆော့နေသည်။

ကော့နေအောင်ဖီးထားသည့် ဘိုကေနှင့်လင်းလက်ကိုတော့ ဘယ်တုန်းထဲကထည့်ယူလာမှန်းမသိသောစာအုပ်တစ်အုပ်နှင့် နံရံကိုမှီလျက် တွေ့နိုင်သည်။

အမောင်ရဲရင့်တစ်ယောက် ရွှေဖြူရောင်ထိုးထိုးထောင်ထောင်ဆံပင်ကေကို ပျက်မှာစိုးသည့်အလား hair stylist အကူအညီတောင်မယူဘဲ hair spray ဘူးတစ်ဘူးနှင့် မှန်ရှေ့တွင်အလုပ်ရှုပ်နေသည်။

အငယ်ကောင် ခေါက်ဆွဲခြောက်ကေနှင့် ကြယ်စင်ကတော့ tour ကြောင့် တစ်နေ့လုံး ဘာမှမစားရသေးဘူးဟုဆိုကာ စင်ပေါ်တတ်ရင်အားမရှိဆိုပြီး ကြက်ကြော်နှစ်တုံး ပီဇာအကြီးတစ်ချပ် ပေါက်ဆီ ၅လုံးနှင့် max plus ဘူးကြီး တစ်ဗူးသယ်ကာ အကျအနကြမ်းပြင်တွင်ချစားနေသည်လေ။ တစ်နေ့လုံးဘာမှမစားရဘူးသာဆိုတယ် မနက်က ပေါင်မုန့်တစ်ထုတ်ရယ် ဘာဂါနှစ်ဘူးရယ် ခေါက်ဆွဲကြော်တစ်ဘူးက ဘိုးတော်ကြယ်စင့်လက်ထဲတွင်ပင် မျက်လှည့်ပြလိုက်သလို ပျောက်ခြင်းမလှပျောက်သွားခဲ့သည်​။

main လေးကောင်က ဘာအပူအပင်မှမရှိပေမယ့် တကယ်တမ်းယောက်ယာက်ခက်ပြီး နေစရာနေရာမရှိဖြစ်နေသည်မှာ ဂျာကြီးရယ်။ တကယ်တမ်းတစ်နေ့လုံးဘာမှမစားနိုင်သည်မှာ သူမှသူအစစ်။ မနက်တည်းက ဒီ tour အတွက် သူ့မှာပြင်ဆင်နေရသည်ပင်မဟုတ်ပါလား။

ဒီသောက်ပျင်းကြီးတဲ့ကိုယ်တော်တွေကို ပွဲမစခင် နောက်ဆုံး rehersal အတွက် အချိန်မှီရောက်မလာလို့သွာပင့်ရ။ rehersal ပြီးတော့လည်း အဝတ်အစားတွေနဲ့ make up ကို stylist တွေထံ စီစဉ်ရညွှန်ကြားရနဲ့ ဒီသောက်ကလေးတွေပွဲ အဆင်ပြေပြေနဲ့ ချောချောမွေ့မွေ့ပြီးသွားဖို့သာ သူ့မှာရင်ပူနေရသည်လေ။ ဒီဟာလေးတွေက ပြောရတာမဟုတ် လစ်ရင်လစ်သလို သူတို့စိတ်ထဲရှိတာတွေ လျောက်လုပ်ပစ်တာရယ်။

🌹🌻Boys Over Flowers🌺🌷(Myanmar)Where stories live. Discover now