(14)

930 81 31
                                    

ရက်အနည်းငယ်ကြာပြီးသည့်နောက်...

A.N.JELL ရဲ့ Asia Tour show ပွဲတွေသာ မြန်မာနိုင်ငံမြို့ကြီးအနှံ့ တစ်ပွဲပြီးတစ်ပွဲလုပ်ပြီးသွားသည်။ ငုသဒ္ဓါတစ်ပွဲမှမသွားဖြစ်လိုက်...။ မသွားဖြစ်လိုက်တာထက် မသွားနိုင်လိုက်တာဆို ပိုမှန်မည်။ A.N.JELL ၏ ပထမဆုံး Asia Tour ရဲ့ ရန်ကုန် show လက်မှတ် ကံကောင်းလွန်းသော ငုသဒ္ဓါ official page မှ ကံစမ်းလိုက်ရာ မဲပေါက်သွားသဖြင့် အလကားရသည်။ သို့ပေမယ့်... ကံကောင်းပြီးရင် ကံဆိုးတတ်တာ အလှည့်ကျလိုဖြစ်နေတတ်သောငုသဒ္ဓါခင်မျာ... show ပွဲကျင်းပသည့် 26 ရက်နေ့ကား ကလေးတွေရဲ့ လပတ်စာမေးပွဲပထမဆုံးမြန်မာစာနေ့ဖြစ်နေလေသောကြောင့်...

ငုသဒ္ဓါတစ်ယောက် သေမလိုလိုသွားချင်ခဲ့ပါသော်လည်း အခန်းစောင့်ရအမှတ်စစ်ရ။ နောက်နေ့ကိုယ့် English စာဖြေရမှာမို့ အချိန်ပိုတွေခေါ်ရနဲ့ ယားလို့တောင်ကုတ်မအားနိုင်ဘဲ ပျားတုတ်ကာ စမုံတုန်းနေခဲ့သည်လေ...။ ဒါတောင်အစိုးရကျောင်းက အိမ်ဝိုင်းတပည့်တစ်ချို့လေးတွေက အစိုးရကျောင်းထုံးစံအတိုင်း ကျောင်းစစ်တွေက ၂လတစ်ခါမို့...။ နို့မို့ အစိုးရကျောင်းနဲ့ ကိုယ်ပိုင်ကျောင်းနဲ့ ရက်တိုက်တဲ့လများဆိုရင် ငုသဒ္ဓါတစ်ယောက် ထဘီခါးပတ်ပတ်ထားရသည့်အထိ။ စွန်တောင်စွဲကာ တောင်ပြေး မြောက်ပြေး ပြေးရတတ်သည်မို့...။မတော်ကျွတ်ကျ ဘယ်နှင့်လုပ်မတုန်း -_- ။

သို့ဖြစ်၍ ဝမ်းနည်းပက်လက်နဲ့သာ ရင်ထုလင်လု... အဲ့လေ... ငိုပြီးသာပြောပြလိုက်ချင်ပါသည်...

အမယ်မင်းးး...သနားစရာ ငါလေး... T.T

ပိုသနားဖို့ နှမြောဖို့ကောင်းတာက ထိုလက်မှတ်လေးဟာ VVIP တန်းတဲ့လေ... :3
~~~~~~~~~~~~~

"ကိုကို...ကိုကို မာန့်ကို ဒါလေးမေးပေးပါ"

ခန့်စစ်ဟန် အခန်းထဲ စာအုပ်လေးကိုင်ဝင်လာသော အငယ်ကောင် ခန့်စစ်မာန်။ စစ်ဟန် စာရိုက်လက်စ Computer ကိုခဏထားပြီး စစ်မာန်လက်ထဲက စာအုပ်ကို ယူလိုက်သည်။ ဒီလိုပဲ စစ်မာန်လေးက အိမ် Guide တစ်ခုပဲရှိတာမို့ ကျောင်းကနေ အိမ်ပြန်လာပြီး သူ့ဆရာမမလာခင်အားနေတဲ့အချိန်ဆို စာလုပ်တတ်သည်လေ။ စစ်ဟန်အားတဲ့အချိန် စာမေးပေးတာတို့ စာပြန်ကြည့်ပေးတာတို့ဖြင့်ကူညီပေးဖြစ်သည်။ စစ်မာန်လေးက စာသိပ်လောဘကြီးသည်မဟုတ်လား။

🌹🌻Boys Over Flowers🌺🌷(Myanmar)Where stories live. Discover now