(4)

1.4K 121 10
                                    

ရဲရင့်နာရီကိုကြည့်လိုက်တော့ ၄နာရီထိုးနေပါပြီ။ ခုံကိုတစ်တောက်တောက်ခေါက်နေတဲ့ လက်ချောင်းလေးတွေက ပိုမြန်လာသည်။ အရှေ့က Menu စာအုပ်လေးကိုကြည့်ရင်း ကြိုမှာထားဖို့ စိတ်ကူးလိုက်တယ်။ သူနဲ့အတူစားဖို့ မဲပေါက်သည့် Fan လေးက တစ်ဖက်အခန်းမှာ make-up ပြင်နေသည်တဲ့လေ။

အစားအသောက်ကိုတော့ တစ်ဖက်ကဘာကြိုက်တတ်မှန်းမသိလို့ သူကြိုက်တဲ့ဟာတွေသာအရင်မှာထားလိုက်သည်။ ဟိုတစ်ယောက်လာမှ စားချင်တာထပ်မှာပစေပေါ့။ များမကြာမှီမှာတင် စားချင်စဖွယ်အစားအသောက်အစုံအလင်ကား အငွေ့တစ်ထောင်းထောင်းနှင့် ရဲရင့်ရှေ့ရောက်ရှိလာသည်။ တကယ်တော့ ရဲရင့်လည်း MTV ရိုက်ကူးနေရင်း လာခဲ့ရသည်မို့ ရိုက်ကူးရေးစကတည်းက ဘာမှမစားရသေးသဖြင့် တော်တော့်ကိုဆာနေပါပြီ။

ကျွီ~~
တံခါးဖွင့်သံကြောင့် တူကိုင်ကာ စားမယ်လုပ်နေတဲ့လက်တွေကို နေရာတကျပြန်ထားလိုက်ရသည်လေ။ idol တစ်ယောက်က သူ့ပရိတ်သတ်ရှေ့မှာ အစားအသောက်ကို ငမ်ငမ်းတတ်နေတာတော့ မဟုတ်သေးပါဘူး။ idol image ပျက်တယ်။

ဲရဲရင့် မတ်တပ်ရပ်လိုက်ကာ တစ်ဖက်က fan လေးကို လက်တစ်ဖက်ကမ်းပေးလိုက်သည်။ သို့သော်...ပြန်လည်ဆွဲကိုင်ခြင်းမခံရတဲ့ သူ့လက်တွေက လေထဲမှာသာ...

"Wah!!! အများကြီးပဲ။ အား...အနံ့လေးတွေကလည်းမွေးနေတာပဲ"

ဝုန်းဝုန်း ဝုန်းဝုန်းနဲ့ စားပွဲဝိုင်းရှေ့ပြေးကာ ထိုင်လိုက်သည့် ထိုကောင်မလေး။ သူ့ကိုမြင်ဟန်ပင်မတူတော့ ရဲရင်ကြောင်သွားသည်။ ဟင့်အင်း မြင်ဟန်မတူတာမဟုတ်ဘူး ရှိတယ်လို့ကို ထင်ထားပုံမရဘူး။ ရဲရင့်နေရာတွင်သာ ဝင်ထိုင်လိုက်ပါသည်။ ဘာမှတောင်မပြောရသေးဘဲ ထိုကောင်မလေးကတော့ စားနေပြီလေ။ အခုထိ မျက်နှာက အစားအသောက်ဆီမှမော့မလာ။

ရဲရင့်လည်း ဘာမှမထူးသည်မို့ ချလိုက်သည့်တူကို ပြန်ကောက်ကိုင်ကာ စားဖို့လုပ်ရသည်လေ။ မဟုတ်ရင် ဗိုက်ထဲကနေ အချက်ပေးသံအချို့ထွက်လာတော့မည်လေ။ idol image ပျက်တယ်။

မွှေးကြိုင်နေတဲ့ ငါးပေါင်း... အရင်စားကြည့်ရမလား။

ရဲရင့်လက်ပြင်နေတုန်းပဲရှိသေး ထိုငါးပေါင်းကား တူတစ်စုံရဲ့လက်ထဲကို ပဲ့ရွဲ့ကာပါသွားလေသတည်း။ မထူးပါဘူးဆိုကာ ကြက်သားသုပ်ဘက်လက်ပြောင်းတော့ ယူချိန်ပင်မရလိုက်။ ဝက်နံရိုးပေါင်း... ထိုနည်းလည်းကောင်း။

🌹🌻Boys Over Flowers🌺🌷(Myanmar)Where stories live. Discover now