(3)

1.6K 121 9
                                    

"မထွက်သွားပါနဲ့…မထွက်သွားပဲ ကိုယ့်ဘေးနားမှာ ရှိနေပေးလို့ မရဘူးလား"

ဝတ်မှုံနောက်ပြန်လှည့်ကြည့်လိုက်သည်။

"ကို"

"ဝတ်မှုံ…"

ဝတ်မှုံ အထုတ်တွေကိုပစ်ချလိုက်ပြီး ရဲရင့်ရှိရာကိုအပြေးကလေးသွားကာ ရင်ခွင်ထဲကို တိုးဝင်လိုက်သည်။

clap~~clap~~clap…

စင်အောက်ရှိ ပရိတ်သတ်တွေရဲ့ လက်ခုပ်သံကားဆူညံစွာထွက်ပေါ်လာသည်။ ထိုလက်ခုပ်သံတွေကား မတီးချင်တီးချင်ဖြင့်တီးရမှန်း သိသာနေသည်လေ။ သရုပ်ဆောင်မကောင်းလို့မဟုတ်ပါ။ စင်ပေါ်တတ်ပြီး အတူသရုပ်ဆောင်နေသည့် ကောင်မလေးကို မနာလိုသောကြောင့်။ ကိုယ့်ရဲ့ idol ကို မျက်စိရှေ့တွင် တစ်ခြားကောင်မလေးတစ်ယောက်နဲ့ ဖက်ယက်နေတာကို မြင်ရသည့် fan တစ်ယောက်ရဲ့ ခံစားချက်ကို စင်နောက်ကကြည့်နေသည့် ငုသဒ္ဓါ နားလည်ပါသည်။ သူလည်း Kyuhyun Musical ကတုန်းက ဒီလိုပဲ ခံစားခဲ့ရသည်မဟုတ်ပါလား။ (ကြေငြာဝင်တာ XD)

စင်ပေါ်က ငနီကောင်ရဲ့မျက်နှာမှာ အားရကျေနပ်နေသည့် အပြုံးတွေကို ငုသဒ္ဓါတွေ့နေရပါသည်။ ထိုအပြုံးက ချိုသာသောအပြုံးဆိုလျှင် သူမထိုငနီကိုချောလိုက်တာလို့ ချီးကျူးမှာသေချာပေမယ့် အပြုံးထဲက စိန်ခေါ်နေမှုတွေ သူများတကာကို အထင်သေးမှုတွေ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေမှုတွေကို တွေ့မြင်နေရတော့ ချီးကျူးချင်တာထက် အမြင်ကတ်မှုတွေသာ ပိုလာရသည်လေ။

"ကဲ…အစ်ကိုရဲရင့်တို့ကတော အကောင်းဆုံးသရုပ်ဆောင်ပြသွားပါပြီ။ အစ်ကိုလင်းလက်တို့အဖွဲ့ကတော့ ဘယ်လိုလာမလဲမသိသေးဘူး။ ကဲ ကျွန်တော်တို့ အစ်ကိုလင်းလက်တို့ရဲ့ သရုပ်ဆောင်မှုကိုကြည့်ရအောင်လား"

အသံစူးစူးလေးနှင့် အငယ်လေးတစ်ယောက် မိုက်ကိုဟန်ပါပါကိုင်ကာ ကြောငြာလိုက်ပြီးသည့်နောက် ငုသဒ္ဓါ အသက်ကိုပြင်းပြင်းတစ်ချက်ရှူပြီး စိတ်ကို အတတ်နိုင်ဆုံးငြိမ်အောင်ထားလိုက်သည်။

"ငုသဒ္ဓါ…နင်လုပ်နိုင်ပါတယ်…နင်လုပ်နိုင်တယ် Fighting…"

တစ်ဖက်အခြမ်းကနေ စင်ပေါ်ကို တတ်လာသည့် လင်းလက်။ အနက်ရောင် suit အပြည့်နှင့် လင်းလက်ကား အရမ်းကိုကြည့်ကောင်းနေတော့သည်။ ရွှေဝါရောင်ဆံပင်တို့ကို သပ်ရပ်စွာဖြီးပြီး အနောက်ကိုလန်တင်ထားသဖြင့် ဖြူဖွေးချောမောသည့် မျက်နှာလေးက ထင်းနေသည်။

🌹🌻Boys Over Flowers🌺🌷(Myanmar)Where stories live. Discover now