(12)

1.4K 109 13
                                    

~Rookie... Rookie...~~

ဖုန်းမှထွက်လာသော alerm သီချင်းသံ။ မပွင့်သေးသောမျက်လုံးတွေနှင့်တကွ အကျင့်ရနေတဲ့ လက်တို့ဖြင့်လှမ်းယူပြီး ဖုန်းပိတ်ကာ ပြန်အိပ်ရန်ပြင်လိုက်သည်။

T...T...T...T...

ဘေးစားပွဲပေါ်ရှိ နှိုးစက်မှအသံ...။ ငုသဒ္ဓါလက်ထဲက ခေါင်းအုံးတစ်လုံးလေပေါ်ပျံဝဲသွားသည်။ အုန်းဆိုသောထိမိသံနှင့်အတူ နှိုးစက်နာရီလေးဟာ ကြမ်းပြင်ပေါ်ဓာတ်ခဲတို့ထွက်ကျကာ ကျဆုံးသွားသည်။

ဒီနေ့ကား... စနေနေ့။ အတိအကျပြောရရင် ငုသဒ္ဓါရဲ့ တစ်ရက်တည်းသော ရှားရှားပါးပါးနားရက်လေး။ မနေ့ကပဲလပတ်စာမေးပွဲပြီးထားသည်မို့ ရှိနေ့ရှိသမျှအိမ်ဝိုင်းတွေအကုန်ပိတ်ထားသည်။ ဒီလိုရက်မျိုးမှာ တစ်နေကုန် သေမယ်ဆိုတဲ့ အစီအစဉ်ကို ငုသဒ္ဓါဘယ်နည်းနဲ့မှအပျက်မခံနိုင်။ ဒီအချိန်လာနှိုးသူ ရန်သူဟု သတ်မှတ်ထားသည်လေ။

"ငုသဒ္ဓါ... ငုသဒ္ဓါဘယ်မှာလဲ"

တစ်ဒုန်းဒုန်းမည်နေတဲ့ ခြေသံတွေနဲ့အတူ အိမ်ပေါ်ပြေးတတ်လာပြီး ယဉ်ယဉ်ထွန်းကမ်းတမ်းမေးလိုက်သည်။

"ဘယ်သိမှာလဲ။ သူ့အခန်းမှာသူ အိပ်နေမှာပေါ့"

ဘွားမေတစ်ဖြစ်လဲ ဒေါ်ခင်ကြီး စကားတောင်မဆုံးလိုက် ယဉ်ယဉ်ထွန်း အခန်းထဲရောက်သွားသည်။

"ဟဲ့ ကောင်မ သေမနေနဲ့ထစမ်း... ထ ထ"

အတင်းလူကို ရိုက်ပုတ်ပြီး အော်ဟစ်ကာ လာနှိုးနေသည်မို့ ငုသဒ္ခါစိတ်လေသွားသည်။ ဒီနေ့ အပြီအပြင်အိပ်ရမယ့်အစီအစဉ်တော့ ပျက်ပြီထင်ပါတယ်။

"ဟာ...ဘာလဲဗျာ။ ဒေါ်ယဉ်ထွန်းကလဲ သမီးအိပ်နေတာကိုး"

မပွင့်သေးသောမျက်လုံးတွေနှင့်အတူ ရှုံမဲ့ပြောကာ စောင်ကိုတစ်ဆက်တည်း ခေါင်းမြီးခြုံပလိုက်သည်။

"ဟဲ့...မအိပ်နဲ့တော့ အရေးကြီးတယ် ထစမ်း..."

"အင်း...အင်း ဘာလဲ ဘာလဲ"

မပီမသ စကားလုံးတို့က ညည်းသံသာသာ သာရှိသည်။ ဟုတ်တယ်လေ ငုသဒ္ဓါအရမ်းအိပ်ချင်နေပြီ။ ဒီတော့အတွင်းစာမေးပွဲတွေကြောင့် ရက်ဆက်သလို မအိပ်ခဲ့ရဘူးမလား။

🌹🌻Boys Over Flowers🌺🌷(Myanmar)Where stories live. Discover now