(6)

1.4K 122 32
                                    

"ယဉ်ထွန်းရေ…ငုသဒ္ဓါပြန်မလာသေးဘူးလား"

ဒေါ်ခင်ကြီး ဝရန်တာတွင်ထွက်ထိုင်နေရာမှ အခန်းထဲဝင်လာကာ TV ကြည့်နေသော ယဉ်ယဉ်ထွန်းကို လှမ်းမေးလိုက်သည်။ အချိန်က ည၉နာရီတောင်ထိုးတော့မည်လေ။ နေ့လည် ၂နာရီခွဲလောက်တည်းက ထွက်သွားတာ အခုအချိန်ထိပြန်မရောက်သေးတာမို့ ဒေါ်ခင်ကြီး စိတ်ပူမှုတို့က အထွတ်အထိပ်ရောက်လာသည်။

"သူ့ဟာသူ အချိန်တန်အိမ်ပြန်လာမှာပေါ့အမေရယ် ထားထားလိုက်"

ယဉ်ယဉ်ထွန်းရဲ့အာရုံက TV ပေါ်မှာသာ…။

"ဟဲ့ထားထားလို့ရမလား…ညနက်နေပြီလေ။ အဲ့ဒါကြောင့် ညနေက သူနဲ့လိုက်သွားပါ လိုက်သွားပါလို့ပြောတာပေါ့။ အလကား စောက်လုပ်မရှိ စောက်ကိုင်မရှိ အိမ်မှာ စောက်ပျင်းပဲတစ်နေတယ်။ ဟိုရောဂါဖြစ်ရတာနဲ့ ဒီရောဂါဖြစ်ရတာနဲ့ အလကားနေ စောက်ရောဂါပဲအကြောင်းပြနေတယ်"

"ဟာ…အမေကလည်း ဘာဆိုင်လို့ သမီးကိုလာဆူနေတာလည်း… စိတ်ညစ်ပါတယ်"

ဒေါ်ခင်ကြီးတို့က ရှေးလူကြီးတွေဆိုတော့ ဒေါသထွက်ရင် စကားပြောက နည်းနည်းတော့ ရိုင်းပါသည်။ ယဉ်ယဉ်ထွန်းက စိတ်ရှုပ်ဟန်ဖြင့် TV အသံကို ကျယ်လိုက်သည်လေ။

ကျွီ…

"ပြန်ရောက်ပါပြီ…"

တံခါးဖွင့်သံနှင့် တစ်ဆက်တည်းဆိုသလိုပင် နွမ်းဖတ်ဖတ်အသံတစ်ခု…
တစ်ခြားသူမဟုတ် ငုသဒ္ဓါကိုယ်တိုင်သာဖြစ်သည်။ ပုံစံကိုလည်းကြည့်ပါဦး။ make-up ဆိုတာလုံးဝမရှိတော့တဲ့မျက်နှာထက် နေလောင်ခံထားရပုံ ပါးပြင်နှင့်နဖူးက နီရဲနေလေတယ်။ ဂါဝန်က ရေအရွှဲသားနဲ့ ပိတ်စအချို့ထွက်ကာ စုတ်ပြတ်နေသည်လေ။ ရေမခြောက်တခြောက်ဆံပင်တွေက ရှုပ်ထွေးကာ မျက်နှာပေါ်ကျနေသည့်အပြင် အမှိုက်အချို့ ခေါင်းပေါ်မှာ ငြိတွယ်ကပ်ပါလာတေတော့တကား…။

ဒေါ်ခင်ကြီးရဲ့ ဆူအံဆဲဆဲစကားလုံးတွေက ငုသဒ္ဓါပုံစံကိုမြင်ပြီး လည်ချောင်းဝတွင်ပင် တစ်စို့ပျောက်ကွယ်သွားသည်။ ငုသဒ္ဓါ ဘာတစ်ခွန်းမထပ်မပြောတော့ဘဲ လက်တစ်ဖက်က အဝတ်ထုတ်ကြီးကို ကိုင် ကျန်လက်တစ်ဖက်က ရှူးဖိနပ်ကိုင်ကာ စိတ်ကုန်နေသည့်ရုပ်နှင့် အိမ်ထဲကို ကွတကွတဝင်လာတော့လေသည်။
-
-
-
-
-
ကိုယ်ပေါ်မှာညစ်ပတ်ရှုပ်ပွနေသည့်အမှိုက်တွေကိုရှင်းပြီး ရေမိုးချိုးပြီးသည့်တိုင် ငုသဒ္ဓါစိတ်နဲ့လူနဲ့မကပ်သလို ခံစားနေရတယ်။ စိတ်နဲ့လူနဲ့မကပ်တာထက် နောင်တရနေတာဆို ပိုမှန်လိမ့်မယ်ထင်တယ်။ "ငါဘာလို့ အဲ့ဘဝင်ရူးငနီကောင်ကို ယုံပြီးလိုက်သွားမိပါလိမ့်" ဆိုသည့်အတွေးကိုသာ ဖင်ပြန်ခေါင်းပြန် တွေးနေမိသည်လေ။

🌹🌻Boys Over Flowers🌺🌷(Myanmar)Where stories live. Discover now