(9)

1.2K 101 20
                                    

အချိန်က ၆နာရီသာသာပဲရှိဦးမည်။ သည်းမည်းစွာရွာနေသောမိုးကြောင့် တိမ်ဆိုင်းကာ မှောင်မိုက်နေသည်လေ။ လင်းလက်စာအုပ်ဖတ်ဖို့ကြံနေရင်း စိမ့်စိမ့်လေးအေးလာသလိုရှိတာရယ်ကြောင့် ထိုင်ရာမှထကာ air-com ကိုလျော့လိုက်သည်။

ဘယ်နှစ်ကြိမ်မြောက် ဖတ်ခဲ့ပြီမှန်းမသိပေမယ့် အခုထက်ထိ လင်းလက်စိတ်ကိုဖမ်းစားထားသော ဆရာကြီးရွှေဥဒေါင်းရဲ့ "စန္ဒာဒေဝိ" ကို နောက်တစ်ကြိမ်ပြန်ဖတ်ဖို့အလိုငှာ စာအုပ်စင်မှဆွဲထုတ်ယူလိုက်သည်။

အစိမ်းရောင် စာအုပ်အဖုံးလေးပေါ်မှာ အဖြူရောင် စာလုံးလေးအချို့က လှပစွာပုံဖော်ထားသည်။ မဆိုင်းဘဲ စာရွက်မှတ်လေးကို တန်းလှန်လိုက်တော့ စာမျက်နှာ ၁၆ က လင်းလက်ကိုကြိုဆိုသည်။ marker အစိမ်းရောင်လေးနဲ့ အသေအချာလိုင်းဆွဲထားတဲ့ စာကြောင်းလေးကို နောက်တစ်ကြိမ် လင်းလက်အသံထွက်ဖတ်လိုက်သည်။

"ပထမအကြိမ် တွေ့မြင်ရသည်နှင့် တစ်ပြိုင်နက် မေတ္တာသက်ဝင်ခြင်း(Love at First Sight) ဟူ၍ အင်္ဂလိပ်စကားရှိသည်ကို ကျွန်တော်ကြားရဖူး၏ ။..."

ဖွင့်ထာသည့် စာအုပ်ကို ပြန်ပိတ်လိုက်မိသည်။ မရည်ရွယ်ပါပဲ လင်းလက် အမြင်အာရုံတို့က ကျောပိုးအိတ်အပြာရောင်လေးရှိ မိုးမခပင်ပုံ သော့ချိတ်လေးထံ ရောက်သွားမိသည်လေ။

"Love at First Sight... မြင်မြင်ချင်းအချစ်တဲ့လား...ဟူးးး...!!"

အကြည့်တို့ကို အပေါ်သို့ပြန်ပို့လိုက်ရင်း လင်းလက် သက်ပြင်းမောတစ်ခုချမိပါတော့သည်။

"Tayhyun Hyung... Hyung...!!!!"

အရှေ့ခန်းကနေ တံခါးဖွင့်သံနဲ့အတူ တစ်ဆက်တည်းအော်လိုက်တဲ့ အသံစူးစူးကြောင့် ကြယ်စင်ပြန်လာတာဆိုတာသိပြီလေ...။ ကောင်းကင်ဖုန်းဆက်ပြောလို့ ရဲရင့်သွားကြိုတည်းက လင်းလက် အဲ့ကလေးပြန်လာရင် ကောင်းကောင်းဆူဖို့စဉ်းစားထားပြီးသားပါ။ ဘယ်နှယ့် ကလေးတစ်ယောက်တည်းမို့ စိတ်ပူလို့ အတူသွားပါမယ်ဆိုတာကို ရေချိုးနေတုန်း လစ်ထွက်ရသလား။

လင်းလက် စာအုပ်ကို စင်ပေါ်နေရာတကျ ပြန်တင်လိုက်ကာ အပြင်ထွက်လိုက်သည်။

🌹🌻Boys Over Flowers🌺🌷(Myanmar)Where stories live. Discover now