Sequel;

1.3K 99 12
                                    

What did happen between Yair Yint and Ngu Thadar?

သာယာ​သော ရာသီဥတု....
ကြည်လင်နေတဲ့ ကောင်းကင်ပြာ...
စိုပြေနေတဲ့ မြက်ခင်းစိမ်းလေး...

နွေရာသီပေမယ့် သစ်ပင်တွေကြားဖြတ်တိုက်လာတဲ့လေအချို့က ပူနွေးမနေဘဲ လတ်ဆတ်အေးမြနေသည်။ ငုသဒ္ဓါရင်ဖွင့်ကာ အဆုတ်ထဲအထိရောက်အောင် တစ်ဝရှူသွင်းလိုက်တယ်။ ငုသဒ္ဓါ အခုရောက်နေသည့်နေရာကား ပြည်သူ့ရင်ပြင်... အတိအကျပြောရရင် ကြိုးတံတားဘေးနားက မြက်ခင်းပြင်။ ငုသဒ္ဓါဒီကိုမရောက်ဖြစ်တာ ဘယ်လောက်တောင်ကြာပြီလဲ လေးလကျော် ငါးလလောက်ရှိလောက်ပြီ။ စာသင်ရတာကော လက်ရှိတတ်နေတဲ့ သင်တန်းတွေရယ်ကြောင့်ရော မအားတာနဲ့မရောက်ဖြစ်တာ။

"အဲ့လောက်တောင်ပျော်လား...? ဒီကိုတစ်ခါမှမရောက်ဖူးသလိုမျိုး... အဲ့ ခဏ... မဟုတ်မှမင်းဒီကို တစ်ကယ် တစ်ခါမှမရောက်ဖူးတာတော့မဟုတ်ပါဘူးနော်...?"

လှပသည့်ရှူ့ခင်းနဲ့ ငုသဒ္ဓါရဲ့ခံစားချက်တွေကို ဖျက်စီးပစ်လိုက်သော အသံဆိုး။ ငုသဒ္ဓါဘေးနားက လူက ဘဝင်ရူးငနီကောင် ရဲရင့်ထက်မြင့်မိုရ်ကလွဲလို့ ဘယ်သူရှိဦးမှာတဲ့လဲ။ အဲ့ ဘဝင်ရူးသာမရှိရင် လေး ငါးလ ကြာမှ ပထဦးဆုံးပြန်ရောက်ဖြစ်တဲ့ ငုသဒ္ဓါရဲ့ ဒီအချိန်တွေက ပိုပြီးတော့တောင်ပျော်စရာကောင်းနေမှာ... ဒီရှူ့ခင်းတွေဟာလည်း ပိုပြီးတော့ကို လှပနေမှာ။

ရန်ကုန်မှာနေလာတာ ကျွန်မတစ်သက်ပါ ကိုဘဝင်ရူးရယ် ဒီပြည်သူ့ရင်ပြင်လောက်တော့ မရောက်ဖူးဘဲနေမလား။

စိတ်ပျက်လက်ပျက်နဲ့ ကြည့်နေတဲ့ ငုသဒ္ဓါရဲ့အကြည့်တွေကို ရဲရင့်မမြင်ပါ မမြင်ဆို ဆတ်ကော့ဆတ်ကော့နဲ့ ကြိုးတံတားပေါ်တတ်သွားတာကိုး။

"တတ်ခဲ့လေ ဘာလုပ်နေတာလဲ"

လှေကားပေါ်ကနေလှမ်းပြောတဲ့ ရဲရင့်။ ဘယ်တတ်နိုင်မလဲ မယ်ငုရေ... ဝဋ်ရှိသရွေ့တော့ခံလိုက်ဦး။ ကဲ...ခွေးကျောင်း ထွက်တာပေါ့။ လမ်းမသိ ဘယ်သူ့နောက်လိုက်တဲ့... XD ။

ကွကိုယ်ကျိန်ဆဲ ကွကိုယ်သဘောကျနေတာက ငုသဒ္ဓါရယ်။

ငနီကောင်ရဲ့ အရှိန်ကတော်တော့ကိုမသေးတာ ဘယ်လိုလုပ်လိုက်တယ်မသိဘူး။ ငုသဒ္ဓါအပေါ်လည်ရောက်ရော ခုနက ကြိုးတံတားပေါ်ရှိနေတဲ့ လူတွေတစ်ယောက်မှမရှိကြတော့ဘူး။ အကုန်ဟိုတစ်ဘက်ခြမ်း လှေကားကနေ အကုန်ဆင်းကုန်ကြပြီ။

🌹🌻Boys Over Flowers🌺🌷(Myanmar)Where stories live. Discover now