(15.part-2)

696 49 37
                                    

နဖူးပြင်ပေါ်ဝဲကျနေသည့် မီးခိုးရောင် ဆံပင်အောက်မှ မျက်ဝန်းတစ်စုံဟာ အလိုမကျသည့်ဟန် တမင်မှေးကျဉ်းထားသည်။ ထိုမျက်ဝန်းပေါ်မှ အညိုရောင် မျက်ခုံးတစ်စုံတို့ကလည်း တွန့်ချိုးနေသည်။

ဘယ်နှင့်…အားလုံးက နားရက်ရပြီး နားရက်မှာသူ့ဟာနဲ့သူ ပျော်နေကြတဲ့အချိန်မှာ သူကတော့ဖြင့် ရိုက်ကွင်းရောက်နေသည်တဲ့။ ကောင်းကင် ဘယ်လိုတောင် စိတ်မတို စိတ်မရှုပ်ဘဲနေရမှာလဲ။ တစ်လကျော်ကျော် ၂လနီးပါး Asia Tour ကြောင့် Rehersal တွေ Training တွေနဲ့ပင်ပန်းထားခဲ့တာလေ။ မနက်ဖြန်ဆိုပဲ တစ်ခြားနိုင်ငံတွေဆီသွားရတော့မယ်။ ဘယ်မှာလဲ သူ့အတွက်နားချိန်…?။

လက်ထောက်မန်နေဂျာက ကောင်းကင်ဆိုတဲ့ သူ့မှ schadule မှားဆွဲမိသတဲ့။ ကြေငြာရိုက်ဖို့လက်ခံမိသတဲ့။ လက်ခံတာကအရေးမဟုတ်ပါဘူး။ ရှားရှားပါးပါးရတဲ့ ဒီနားရက်နေ့လေးကိုမှ ရိုက်ကွင်းအတွက် အချိန်ညှိပေးလိုက်သတဲ့လေ။

ကောင်းကင် သိသိချင်း ပြန်ဖျက်ဖို့ကြိုးစားခဲ့ပေမယ့် မမှီတော့။ အားလုံးကပြင်ဆင်ပြီနေပြီဆိုတော့ သူ break လိုက်ရင် ဆုံးရှုံးမှုတွေ ပေါ်လာနိုင်သည်။ ဆိုတော့ကား ဘာဖြစ်သလဲ။ ရဲရင့်တို့ လင်းလက်တို့ ကြယ်စင်တို့ အားလုံးနားရသည့်ရက်မှာပျော်နေတဲ့အချိန် သူကတော့ စိတ်မပါသည့် ရိုက်ကွင်းနေရာမှ ရှိနေရသည်။ မသိတဲ့သူဆို ကောင်းကင်လေးဟာ အလုပ်တစ်အားကြိုးစားတဲ့သူလို့ ထင်ကုန်တော့မှာဘဲ…။

မျက်နှာရှစ်ခေါက်ချိုးနဲ့ထိုင်နေသည့် ကောင်းကင်ထက်မြင့်မိုရ်ကိုကြည့်ရင်း မန်နေဂျာ Jole တစ်ယောက် လက်ထောက်မန်နေဂျာကို နာနာထုသတ်ချင်လာသည်။ ကောင်းကင်ပဲစိတ်ညစ်နေတာမဟုတ် သူလည်းတော်တော်ကို ဘူနေသည်။ A.N.JELL တစ်ဖွဲ့လုံးရဲ့မန်နေဂျာမို့ ကောင်းကင် Shooting ရှိတော့ ဒီလိုနေ့မှာသူပါအချောင်မနားရ။ ဒင်းတို့တစ်ဖွဲ့လုံးက သူမှလွဲတစ်ခြားသူတွေ ထိန်းလို့ရနိုင်သည်မဟုတ်။ သူ ဘီလူးဆိုင်းတီးထိန်းတာတောင် စိတ်ကူးပေါက်မှ ထကြောက်သည့်ကောင်တွေ။

လက်ထောက်မန်နေဂျာဖြစ်တဲ့ဒင်း လုပ်ချင်တာလုပ်ခဲ့ပြီးမှ ဟိုကနားရက်မရလို့ ဒေါသဖြစ်တော့ ကြောက်သတဲ့။ ဒီနေ့တော့ ဟိုလေးကောင်ရန်က လွတ်ပြီဆိုပြီးအေးဆေးအိပ်နေတဲ့သူ့ကို လာနှိုးပြီး ခေါ်သည်လေ။ ကောင်းကင်စိတ်တိုပြီး ထပေါက်ကွဲတာလည်းမပြောနှင့် သူပါ အဲ့သတင်းကြားပြီးထဲက ဒင်းမျက်ခွက်ကို ဖနောင့်နဲ့ချည်းပေါက်ချင်လာတာ။

🌹🌻Boys Over Flowers🌺🌷(Myanmar)Where stories live. Discover now