I

29.6K 1.4K 95
                                    

ဂစ်တာကိုရင်ခွင်ထဲပွေ့လို့
တီးခတ်နေပေမယ့် စိတ်ကဂစ်တာထက်ဝယ်မရှိ

ခပ်လှမ်းလှမ်းက ဒန်းပေါ်မှာအပြန်အလှန်အကြည်စိုက်နေတဲ့

စုံတွဲပေါ်မှာသာအာရုံကအပြည့်

အဲ့ဒီ့လိုမြင်ကွင်းမျိုးအကြိမ်ပေါင်းများစွာ မြင်ဖူးခဲ့ပေမယ့်
တွေ့တိုင်းလည်းနာကျင်နေတုန်း

နာကျင်အောင့်မျက်ရလွန်းလို့
နှုတ်ခမ်းတွေကို တင်းတင်းဖိကြိတ်ထားရင်း
ဂစ်တာကြိုးတွေကိုသာတောင်စဉ်ရေမရ
တီးခတ်နေလိုက်တယ်

Sehun ....................

ဟော့ဒီ့လောကကြီးမှာ ကျွန်တော်အချစ်ရဆုံး
အတွယ်တာရဆုံး ကောင်ဆိုးလေး
ကျွန်တော့ထက်တစ်နှစ်ငယ်ပေမယ့်

အတန်းတူကျောင်းတူမို့
ငယ်ငယ်ကတည်းကသူငယ်ချင်း

နေ့ကိုရက်စားလို့
အချိန်တွေပြောင်းလာခဲ့ပေမယ့်
အခုထိ တက္ကသိုလ်တူမေဂျာတူမို့ တတွဲတွဲ

များမြှောင်လှတဲ့သူ့ချစ်သူတွေနဲ့
ချိန်းတွေ့တိုင်း
ကျွန်တော်ပါလာတာကိုပဲကြည့်

Sehun ဆိုသည်မှာ

ရင်ခုန်တတ်စအရွယ်ကတည်းက
ထားလိုက်တဲ့ရည်းစားဆိုတာ
မရေတွက်နိုင်လောက်အောင်ပဲ

ကျွန်တော်လား.............

အဲ့ဒီ့ရည်းစားများတဲ့ကောင်လေး
တစ်ယောက်ကလွဲရင်
ဘယ်သူ့ကိုမှမချစ်ခဲ့ဘူး

လူတွေက၀ိုင်းပြောကြတယ်
ငယ်ငယ်ကတည်းကအတူကြီးပြင်းလာတာမို့လို့
ညီအစ်ကိုလို သူငယ်ချင်းလို
အရမ်းချစ်တာဖြစ်ပါလိမ့်မယ်တဲ့

အဟင်း.................

ဘယ်သူမှမသိဘူး

သူ့ကိုယ်သင်းနံ့လေးကိုအလွတ်ရနေတတ်တာ

သူကြိုက်နှစ်သက်တဲ့အရာတွေကို
မှတ်မိနေတတ်တာ

မခိုင်းစေပါပဲနဲ့ သူ့စိတ်တိုင်းကျ
အရာအားလုံးဖြည့်ဆည်းပေးတတ်တာ

နှုတ်ခမ်းပေါ်ကအပြုံးတွေ
စွန့်ကြဲလိုက်တဲ့အခါတိုင်း

လှိုက်လှိုက်လှဲလှဲ ခုန်နေတတ်တဲ့
ရင်ခုန်သံတွေအကြောင်း

It hurts but still loveWhere stories live. Discover now