X

8.4K 1.1K 134
                                    

ခေါင်းတွေကိုက်လိုက်တာ သေမလိုပဲ
မျက်လုံးတောင်မဖွင့်နိုင်တော့ဘဲ
ဘာတွေဖြစ်ခဲ့တာလဲ ပြန်စဉ်းစားတော့

သူ့အကြောင်းက
ခေါင်းထဲကိုအရင်ရောက်လာပြီး
ရင်ဘတ်ကအောင့်လာတယ်

ညက Chili နဲ့အရက်တွေ
အများကြီးသောက်လာတာပဲ
ဆိုင်မှာရှင်းပြီးတဲ့အထိ မှတ်မိသေးတယ်
အိမ်ကိုဘယ်လိုပြန်ရောက်လာတာလဲကို
ဝိုးတိုးဝါးတားဖြစ်နေတာ

အား...... မသိတော့ဘူး

ခေါင်းကိုက်တယ်ကွာ ...................

" နိုးရင်လဲထတော့ အပျင်းတစ်မနေနဲ့"

ဟင် ............ Hun အသံပါလား

ဝုန်းခနဲထမိသွားတော့ခေါင်းကပိုကိုက်သွားပြီး
လက်နဲ့တောင်ဖိထားရတယ်

" ငါ့အသံကြားတာ လန့်စရာလိုလို့လား"

မျက်လုံးကိုပွတ်သပ်ရင်း ဖွင့်ကြည့်မိတော့
သူမှသူပဲ ကော်ဖီတစ်ခွက်ကိုကိုင်ထားရင်း
ကျွန်တော့ခေါင်းရင်းမှာ လာထိုင်တယ်

" အများကြီးသောက်လိုက်တော့
နေလို့ကောင်းသွားလား

မင်းဘယ်တုန်းက အဲ့လောက်သောက်လို့လဲ
မနိုင်ဘဲနဲ့ သိပ်လုပ်ချင်တာ
ဘာလဲ ကောင်မလေးရှေ့မှာ
သောက်နိုင်တယ်ဆိုပြီး သိပ်ပဲများခဲ့တယ်ပေါ့ "

ကော်ဖီကိုကမ်းပေးရင်း

ဆက်တိုက်ပြောလာတဲ့စကားက
အကောင်းတစ်ကွက်မှမရှိ

" မင်းကဘယ်လိုရောက်လာတာလဲ "

" ငါ့ဘာသာငါဘယ်လိုရောက်ရောက်ပေါ့
မင်းအိမ်ကိုငါလာတာ ထူးဆန်းလို့လား
ဘာလဲ မလာစေချင်ဘူးလား"

ဘာပဲပြောပြောအကောင်းမထင်မဲ့အတူတူ
မပြောတော့ပါဘူး

ရေချိုးဖို့သာစဉ်းစားလိုက်ပြီး
အိပ်ယာပေါ်ကထတော့

" မင်းအတွက်
ကြိုးစားပမ်းစားဖျော်ထားပေးတာ
မင်းမသောက်ရင် ငါကသွန်ပစ်ရမှာလား

သြော် ................
ချော့ကလက်ဖျော်ရည်ပဲသောက်ချင်တာလား"

ဖြစ်နိုင်ရင်ခလေးတွေလို
အော်ငိုပစ်လိုက်ချင်တယ်

It hurts but still loveWhere stories live. Discover now