Final (Hun)

21.3K 1.5K 645
                                    

ကျောပြင်သေးသေးလေး

ကျွန်တော့မျက်စိရှေ့မှ
ပျာက်ကွယ်သွားသည့်တိုင်
ကျန်ရစ်ခဲ့တဲ့နေရာကနေ တစ်စက်မရွေ့မိ

ရင်ဘတ်ထဲမှာစို့နင့်လာတဲ့ခံစားချက်ဟာဘာလဲ
ကျွန်တော့ခေါင်းတွေအရမ်းရှုပ်ထွေးလာတာမို့
နေရာမှာပဲထိုင်ချလိုက်တယ်

လက်နှစ်ဖက်ကိုခေါင်းပေါ်အုပ်လိုက်ပြီး

ဘာတွေဖြစ်ကုန်တာလဲလို့
ပြန်စဉ်းစားနေရတယ်

မရှိတော့ဘူး ... သူမရှိတော့ဘူး

Han ကျွန်တော့ကိုထားသွားခဲ့ပြီ

မဖြစ်နိုင်တာ ..............

Han က ကျွန်တော့ကိုထားခဲ့တယ်တဲ့

မင်းဆီကိုဘယ်တော့မှပြန်မလာတော့ဘူးတဲ့

ဟင့်အင်း ..........

ညာနေတာ

Han ညာနေတာ
ကျွန်တော့ကိုအရမ်းစိတ်ဆိုးပြီး
Han လိမ်ပြောတာ

Han ဆိုတဲ့ကောင်လေးက ကျွန်တော့ကို
ဘယ်တော့မှထားသွားမှာမဟုတ်ဘူး
ကျွန်တော်သိတာပေါ့

ဒါနဲ့တောင်
မျက်ရည်ကဘာလို့ထိန်းမနိုင်သိမ်းမနိုင်
ကျနေရတာလဲ

Han က လိမ်ပြောတာပါဆို
ဘာလို့ကျွန်တော်ကငိုရမှာလဲ မငိုပါဘူး

အိမ် ............

ဟုတ်သားပဲ အိမ်ပြန်ရမယ်
အိမ်မှာပဲ Han ကိုစောင့်နေရမှာပေါ့

စိတ်ဆိုးပြီးအပြင်ခဏသွားတာပါ
အင်း 1 နာရီတောင်ခွဲပြီဆိုတော့

Han ညနေလောက်တော့
ပြန်ရောက်မယ်ထင်တယ်

အိမ်ပြန်တာပဲကောင်းပါတယ်လေ

မသိချင်ယောင်ဆောင်ရင်း
ကိုယ့်ကိုယ်ကိုလိမ်ညာရင်း
လဲပြိုမတတ်ခန္ဓာကိုယ်ကို Han အိမ်သို့
အရောက်ပြန်လာခဲ့တယ်

ကိုယ့်ကိုယ်ကိုလိမ်ညာရတာဟာ
လောကမှာအခက်ခဲဆုံးပဲတဲ့

အမှန်တရားကိုမြင်နေရတာတောင်
ကျွန်တော်ခေါင်းကိုအကြိမ်ကြိမ်ခါယမ်းရင်း
ငြင်းဆန်နေမိတယ်

တစ်ဖက်မှာလဲ Han ဟာ

ဘယ်ဆီဘယ်ဝယ်လို့
ကျွန်တော်မသိတဲ့နေရာကိုထွက်ခွာသွားခဲ့ပြီ

It hurts but still loveWhere stories live. Discover now